ဟိုတယ်ခေါင်မိုးပေါ် ရဟတ်ယာဉ်ပျ-က်ကျ၍ ရဟတ်ယာဉ်မှူး ‌ေ-သဆုံး

0
511

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Hilton ဟိုတယ်၏ ခေါင်မိုးပေါ်သို့ တနင်္လာနေ့(သြဂုတ် ၁၂) က ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့၍ ရဟတ်ယာဉ်မှူး ‌ေ-သဆုံးကာ ဟိုတယ်အဆောက်အအုံခေါင်မိုးပေါ်တွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် မနက် ၁း၅၀ နာရီဝန်းကျင်တွင် အင်ဂျင်နှစ်လုံးထိုး ရဟတ်ယာဉ် ပျ-က်ကျခဲ့မှုကြောင့် ခရီးသွားအချက်အခြာဖြစ်သော Cairns မြို့ရှိ Hilton ဟိုတယ်အုပ်စုဝင် Double Tree က ဧည့်သည် များကိုရာနှင့်ချီ၍ ရွှေ့ပြောင်းပေးခဲ့ရသည်။

ကျိုးပဲ့သွားသော ရဟတ်ယာဉ်ဒလက်အပိုင်းအစများသည် ဟိုတယ်ရေကူးကန်အတွင်း ကျရောက်ခဲ့သည်ဟု အရေးပေါ်ဋ္ဌာန အရာရှိတစ်ဦးက ပြောဆိုသည်။

ရဟတ်ယာဉ်ပေါ်တွင် ရဟတ်ယာဉ်မှူးတစ်ဦးသာပါဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အခင်းဖြစ်နေရာတွင်ပင် ‌ေ-သဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ယာဉ်ပျ-က်ကျရာ နေရာအနီးရှိ ဟိုတယ်ခန်းမှ ဧည့်သည်နှစ်ဦးကို မီးခိုးငွေ့ရှုရှိုက်မိခဲ့သောဝေဒနာကြောင့် ဆေးရုံတင်ပေးထားသည်ဟုလည်း ဆိုသည်။

ဟိုတယ်ခေါင်မိုးပေါ်တွင် မီးလောင်မှုဖြစ်ခဲ့သော်လည်း ငြှိမ်းသတ်နိုင်ခဲ့ပြီဟု သိရသည်။ Cairns သည် သြစတြေးလျ၏ ကျော်ကြားသော Great Barrier Reef သို့ သွားရောက်ရာ ဂိတ်ပေါက်တစ်ခုအဖြစ် တည်ရှိသော နာမည်ကျော် ခရီးသွားအချက်အချာနေရာဖြစ်သည်။

ရဟတ်ယာဉ် ပျ-က်ကျခဲ့ချိန်က ပျံသန်းမှုပိုင်းဆိုင်ရာသည် ခက်ခဲ့မှုရှိပြီး မိုးရွာသွန်းနိုင်သည့် အနေအထားနှင့် မြင်ကွင်းရှင်းလင်းမှုမရှိခဲ့ကြောင်း သြစတြေးလျ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဌာန ကော်မရှင်နာ Angus Mitchell က ပြောဆိုသည်။

လက်ရှိတွင် ယင်းဗျူယိုမှ အစိုးရကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို အခင်းဖြစ်နေရာသို့ စေလွှတ်ကာ စုံစမ်းစစ်ဆေးမှုလုပ်စေလျက်ရှိကြောင်း သိရသည်။

Ref: စီအန်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here