နယ်စပ်ကုန်သွယ်ရေးကျဆင်းလာခြင်းကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်မှု ကျဆင်းလာ

0
136

နယ်မြေမငြိမ်မသက်မှုနှင့် လမ်းပိုင်းအခက်အခဲများကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်မှု ကျဆင်းလာကြောင်း ကုန်တင်ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအဝန်းရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ကုန်စည်စီးဆင်းမှုသည်လည်း ရပ်တန့်ခဲ့ကြောင်း၊ ထို့ပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်သွင်းကုန်လျော့ကျလာသည့်အတွက် ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ အလုပ်ပါးခဲ့ကြောင်း သိရသည်။

” ပြောရရင် အလုပ်ကမရှိသလောက် ဖြစ်သွားတယ်။ လုပ်ငန်းတွေကအဆင်မပြေတော့ဘူး။ ရေကြီးတော့လည်း မထွက်ရဘူး။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကလည်းမကောင်းတော့ မထွက်ရဘူး။ ပြီးတော့ ဒေသတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး ကုန်စည်ပို့ဆောင်တဲ့အခါမှာလည်း အခက်အခဲတွေအများကြီးရှိတယ်။ နယ်မြေမအေးချမ်းတော့ ပိုဆိုးတယ်”ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။

အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွင် ပြည်ပနှင့်ဆက်စပ် လုပ်ကိုင်သော ပို့ကုန်/သွင်းကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းများအရောက် သယ်ယူပို့ဆောင်ပေးနေခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြား ချိတ်ဆက် ပို့ဆောင်သည့် ကုန်စည်များအား ပို့ဆောင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။

လက်ရှိ ပို့ကုန်/သွင်းကုန် လုပ်ငန်းများသည် လည်ပတ်မှု နည်းပါးနေသလို တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပို့ဆောင်ရာတွင်လည်း ကုန်စည်ရရှိမှုများ နည်းပါးနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here