သံမဏိ စိုးလင်းဦး ပြန်လာပြီ

0
340

ONE၏ ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိ‌သေးသည့် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦး ပွဲစဉ်ကို လာမည့် စက်တင်ဘာ(၂၇)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီးကြောင်း ယနေ့ဩဂုတ် ညနေပိုင်းတွင် ONEက တရားဝင်အသိပေးကြေညာလိုက်ပြီဖြစ်သည်။

စိုးလင်းဦးအနေဖြင့် ပြိုင်ဖက်ဖြစ်သူ Nabil Anane နှင့် ONE Friday Fights 81 ပွဲစဉ်၏ ဘန်တမ်ဝိတ်တန်း တွင် ယှဉ်ပြိုင်ထိုးသ-တ်ကြမည်ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦး၏ အနိုင်ရရှိမှုနှုန်းကို မည်သူ သက်တမ်းတိုးမည်နည်းဟု ONE ဘက်က ဆိုထားသည်။

ပွဲစဉ်အား စက်တင်ဘာ (၂၇ )ရက် ည (၇)ခွဲအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ကာ၊ ပြိုင်ဘက်နှစ်ဦး၏ ဆေးစစ်ဝိတ်ချိန်မည့် ရက်ကို အသိပေးချက်တွင် ‌ဖော်ပြထားခြင်းမရှိပေ။

ONE ၏ စတုတ္ထမြောက်ပွဲစဥ်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရိုးရာဖိုက်တာ စိုးလင်းဦး ပြောကြားထားသည်။

စိုးလင်းဦးသည် One Friday Fight 69 ပွဲစဉ်အတွင်း မွေထိုင်း ဖိုက်တာ ပွန်ဆရီကို တတိယမြောက်ပွဲအဖြစ် အလဲထိုးအနိုင်ရပြီး‌နောက် ဒေါ်လာ တစ်သိန်းတန်စာချုပ်ကမ်းလှမ်းခံခဲ့ရပြီးနောက် သူ၏ စတုတ္ထမြောက်ပွဲအား ONEက စီစဉ်ခဲ့ခြင်းဖြစ်သည်။

ONE၏ ပထမ ပွဲဦးထွက်တွင် ဂျပန်ဖိုက်တာ မာဆာရူရှီကို အလဲထိုးဖြင့်အနိုင်ရရှိခဲ့သလို ဒုတိယအကြိမ် ပွဲစဉ်တွင်လည်း ပေါ်တူဂီဖိုက်တာ fabio reis နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင်လည်း အနိုင်ရရှိထားသည်။

ရိုးရာဖိုက်တာစိုးလင်းဦးသည် ONE ကပြုလုပ်သည့် Friday Fight 69 ပွဲစဉ်ဖြင့်ဆိုလျှင် ရှုံးပွဲမရှိ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here