World Tourism Day ရောင်စုံဓာတ်ပုံပြိုင်ပွဲ အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

0
377

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day)ရောင်စုံဓာတ်ပုံပြိုင်ပွဲကို အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က အသိပေးဖိတ်ခေါ် ထားသည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ ရှုခင်းများ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် ဝိုင်းရင်းသား မျိုးနွယ်စုတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာပုံရိပ်များနှင့် မြန်မာ့ခရီးသွားခရီးစဥ်များအား ရိုက်ကူး၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲမှ ရွေးချယ်ခံ ဓာတ်ပုံများကို ၂၀‌၂၄ စက်တင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား၌ ခင်းကျင်းပြသမည်ဖြစ်ပြီး ဆုရရှိသည့် ဓာတ်ပုံပညာရှင်များကိုလည်း ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲမည့် တစ်ဦးချင်းစီတိုင်း အနေဖြင့် ဓာတ်ပုံ (၁၀) ပုံအထိပေးပို့နိုင်ကာ ယခု ဩဂုတ်လ (၂၃) ရက်နေ့ နောက်ဆုံးထားပြီး အမှတ် ( ၅၈/၆၀ ) ၊ ကမ်းနားလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့သွားရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲ၌ ပထမဆု ကျပ် (၉)သိန်း ၊ ဒုတိယဆု ကျပ် (၇)သိန်း ၊ တတိယဆု ကျပ် (၅)သိန်းနှင့် နှစ်သိမ့် ဆု (၂၀) ဆုအတွက် တစ်ဆုလျှင် ကျပ် (၁)ခွဲ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ရူ့ခင်း ၊ယဉ်ကျေး မှု ၊ ဝတ်စားဆင်ယင်မှု ၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်း အစဉ်အလာ စသည့် ပုံရိပ်များဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖော်ထုတ် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here