ကျောက်မျက်ရတနာကို စိတ်ဝင်စားသူများအတွက် သင်တန်း ဖွင့်လှစ်ပေးမည်

0
195

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် ကျောက်မျက်ရတနာကို စိတ်ဝင်စားသူများအတွက်
စက်တင်ဘာလတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသင်တန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ (၆)လနှင့် On Job Training(OJT) (၂)လ စုစုပေါင်း(၈)လ သင်ကြားပေးမည်ဖြစ်ကာ နေပြည်တော်၊ ရွှေကြာပင်ရှိ ကျောက်မျက်ရတနာ သင်တန်းကျောင်းတွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်နှင့်လက်ဝတ်ရတနာ သင်တန်းကိုတက်ရောက်လိုသူများသည် နေပြည်တော်၊ ရွှေကြာပင် ကျောက်မျက်ရတနာသင်တန်း ကျောင်းသို့ လျှောက်ထားရမည်ဖြစ်ကာ လျှောက်ထားသူများအနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး (၃၀)နှစ်ထက်မကျော်လွန်ဘဲ
အခြေခံပညာအလယ်တန်းဆင့် သင်ယူပြီးမြောက်သူ၊ ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူသည် ကိုယ်တိုင်ရေးလျှောက်လွှာ CV Form တွင် ပြည့်စုံမှန်ကန်စွာရေးသားဖော်ပြ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ပညာအရည်အချင်းအတွက် ထောက်ခံစာမူရင်း/မိတ္တူ၊ (၃)လအတွင်း ရိုက်ကူးထားသော Passport ဓာတ်ပုံ(၃)ပုံ၊ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ်ထောက်ခံချက်မူရင်း၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ သဘောတူညီချက်၊ ခွင့်ပြုချက်များနှင့်အတူ ပူးတွဲလျက် ကိုယ်တိုင် လက်မှတ်ရေးထိုး လျှောက်ထားရမည် ဖြစ်သည်။

ယင်းသင်တန်း၌ ကျောက်စိမ်းနှင့်ပတ်သက်သော ဘာသာရပ်များတွင် ကျောက်စိမ်းဖြတ်၊ လက်ကောက်၊ ပုတီးနှင့် အရောင်တင်ခြင်းဘာသာရပ်၊ ကျောက်စိမ်းကွန်ပျူတာပန်းပုပညာ(CNC )နှင့် အရောင်တင်ခြင်းဘာသာရပ်၊ ကျောက်စိမ်းပန်းပုပညာနှင့် အရောင်တင်ခြင်းဘာသာရပ်၊ ကျောက်မျက်နှင့်ပတ်သက်သော ဘာသာရပ်များတွင် ကျောက်မျက်သွေးဘာသာရပ်၊ ကျောက်မျက်ပန်းချီဘာသာရပ်၊ လက်ဝတ်ရတနာနှင့် ပတ်သက်သော ဘာသာရပ်များတွင် 2D Sketch Jewellery Design & 3D CAD/CAM ဘာသာရပ်၊ ဖယောင်းမိုထွင်းနှင့် မိုလောင်း/မိုခွဲဘာသာရပ် (၈) စိန်၊ ကျောက်မျက်တပ်ဆင်ခြင်း (Micro Setting)နှင့် ပန်းထိမ်ဘာသာရပ် စသည်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သ်ိရသည်။

သင်တန်းသား/သင်တန်းသူ များသည်လည်း တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ဘာသာရပ်တစ်ခုကို ရွေးချယ်သင်ကြားနိုင်မည်ဖြစ်ကာ သင်တန်းတက်ရောက်ခွင့်ရရှိသော သင်တန်းသား/သင်တန်းသူများအတွက် အခမဲ့ပညာသင်ခွင့်နှင့် နယ်သင်တန်းသား/သင်တန်းသူများအတွက် အခမဲ့အဆောင်နေထိုင်ခွင့်ပြုမည်ဖြစ်သိသည်ဟုဆိုသည်။

ထို့အပြင်စားသောက်ရေး နှင့်ပတ်သက်၍ ကျောင်းတွင်းစားသောက်ဆိုင် စီစဉ်ပေးထားမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် စားသောက်ရမည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာကို ကျောင်းအုပ်ကြီး ကျောက်မျက်ရတနာသင်တန်း ကျောင်း နေပြည်တော်၊ အမှတ်(ဒ-၉၅) ဖားကန့်လမ်း၊ ရွှေကြာပင် ကျောက်မျက် ရတနာဈေးဝင်သို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ Email- |[email protected], Viber Phone No; 09-753216412 ဖြင့်ဖြစ်စေ (၂၃-၈-၂၀၂၄)ရက်နေ့ ရုံးချိန်နောက်ဆုံးထား၍ ပေးပို့နိုင်ကာ လူဦးရေကန့်သတ်ထားပါသဖြင့် လျှောက်လွှာရောက်ရှိမှုအပေါ် ဦးစားပေး၍ လူတွေ့စစ်ဆေးခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။

အသေးစိတ်အချက်အလက်များအား“ကျောက်မျက်ရတနာသင်တန်းကျောင်း” Facebook Page နှင့် ဖုန်းနံပါတ်(၀၆၇-၈၁၀၂၀၄၇)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here