UAE နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနှစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်

0
528

ယူအေအီးနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အခ က်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ (၂)ဦးအား မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယူအေအီးနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရာမှ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသီတာအောင်နှင့် မခင်မြတ်နိုးဝင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံရှိ ရဲတပ်ဖွဲ့ ၊ လူဝင်မှုကြီးကြပ် ရေးဌာန၊ အလုပ်သမားရေးရာနှင့် စပ်လျဉ်းသည့် ဌာနများသို့ ယူအေအီးနိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ ပို့ဆောင်သူများ၊ ဒူဘိုင်းဘက်မှ အေဂျင်စီများထံ ဆက်သွယ်၍ ကာယကံရှင်များ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေး ညှိနှိုင်းပေးခြင်းနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများအတွက် သက်သေခံ လက်မှ တ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ (၂)ဦးအာ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မသီတာအောင်သည် ဩဂုတ် (၉) ရက်တွင် ဒူဘိုင်း -ရန်ကုန် ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မခင်မြတ်နိုးဝင်းသည် ဩဂုတ် (၁၁) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် ဒူဘိုင်း-ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ သြဂုတ် (၁၁)ရက် ည (၁၀) နာရီ (၁၀) မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here