မြန်မာ – ကူဝိတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်ရေး ဆွေးနွေး

0
194

တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီကို ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြ‌ေကြာင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here