မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး
ဝင်းနိုင်ထွန်းကစားနေသည့်
ချင်းရိုင်အသင်း ထိုင်းလိဂ်အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်ဖြင့် အနိုင်ရရှိ

0
81

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး
ဝင်းနိုင်ထွန်း ကစားနေသည့်
ချင်းရိုင်အသင်းမှာ ထိုင်းလိဂ်အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယမန်နေ့ ညနေပိုင်းက ထိုင်းလိဂ်ရာသီအဖွင့်ပွဲစဉ်တွင် ချင်းရိုင်အသင်းနှင့် ခွန်ကန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချင်းရိုင်အသင်းက (၂)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ဝင်းနိုင်ထွန်းအနေဖြင့် ညာတောင်ပံကစားသမားအဖြစ် ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ချင်းရိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး ကျောနံပတ် (၇၇)အား ဝတ်ဆင်ကစားနေခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သော ဘောလုံးရာသီအတွင်း အင်ဒိုနီးရှားကလပ် တစ်ခုဖြစ်သည့် ဘော်နီရိုအသင်း၌ သွားရောက်ကစားနေရာမှ ယခုနှစ်တွင် ထိုင်းလိဂ် ၁ ကလပ် ချင်းရိုင်ယူနိုက်တ က်အသင်းသို့ ပြောင်းရွှေ့ခဲ့‌ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here