ရုရှားပိုင်နက်ထဲဝင်လာသည့် ယူကရိန်းတပ်များကို တိုက်ထုတ်ရန် ပူတင်ညွှန်ကြား

0
386
In this pool photograph distributed by Russian state owned agency Sputnik, Russia's President Vladimir Putin chairs a meeting regarding the situation in the Kursk region, in his residence in Novo-Ogaryovo outside Moscow, on August 12, 2024. - The governor of Russia's Kursk region where Ukraine has launched an incursion told Russian President Vladimir Putin that 28 settlements with a population of around 2,000 people are controlled by Ukrainian troops on August 12, 2024. (Photo by Gavriil GRIGOROV / POOL / AFP)

မော်စကို၊ဩဂုတ် ၁၂

တိုက်ပွဲဖြစ်ပေါ်လာမည်ကိုစိုးရိမ်သဖြင့် လူပေါင်း ၁၂၀,၀၀၀ ကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်သွားကြသည်ဟု အာဏာပိုင်များကပြောကြားပြီးနောက် ရုရှားပိုင်နက်ထဲဝင်လာသည့် ယူကရိန်းတပ်များကို တိုက်ထုတ်ရန် ရုရှားတပ်များကို သမ္မတပူတင်ကညွှန်ကြားခဲ့သည်။

ယူကရိန်းတပ်များသည် ရုရှားပိုင်နက်ဖြစ်သည့် ခါ့စ်ဒေသကို ပြီးခဲ့သည့်အင်္ဂါနေ့က ရုတ်တရက်ထိုးစစ်ဆင်ခဲ့ပြီး ယူကရိန်းစစ်တပ်အကြီးအကဲကမူ ၎င်း၏တပ်ဖွဲ့ဝင်များအနေဖြင့် ရုရှားပိုင်နက် ၁,၀၀၀ စတုရန်းကီလိုမီတာခန့် ကိုသိမ်းပိုက်ထားနိုင်ပြီး ဆက်လက်၍လည်း ထိုးစစ်ပြုလုပ်သွားဦးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ “ရန်သူရဲ့ထင်ရှားတဲ့ ရည်ရွယ်ချက်က အချင်းချင်းကြားသဘောထားကွဲလွဲစေချင်တာဖြစ်ပြီး ရုရှားလူ့အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုဖျက်ဆီးပစ်ဖို့ပါပဲ” ဟု အစိုးရအရာရှိများနှင့်တွေ့ဆုံပွဲတွင် သမ္မတပူတင်ကပြောကြားခဲ့သည်။

“ဆက်ပြီး လုပ်ဆောင်ရမဲ့ အဓိကတာဝန်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်သူတွေကို ရုရှားနယ်မြေတွေကနေ ဖယ်ရှားပေးဖို့ပါပဲ” ဟုလည်း ၎င်းကဆက်လက်‌ပြောကြားခဲ့သည်။

ဇလန်းစကီးကမူ ယခုပြုလုပ်သည့် နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုသည် လုံခြုံရေးပြဿနာသက်သက်သာဖြစ်ပြီး ဆူမီဒေသရှိ ရုရှားစစ်တပ်ကတိုက်ခိုက်ခဲ့သော နယ်မြေများကို ပြန်လည်သိမ်းပိုက်ခြင်းသာ ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

တိုက်ပွဲများစတင်ချိန်မှစ၍ ခါ့စ်ဒေသရှိ လူပေါင်း ၁၂၁,၀၀၀ ခန့်ထွက်ပြေးခဲ့ရပြီး အနည်းဆုံး အရပ်သား ၁၂ ဦး‌ေ-သဆုံးကာ ၁၂၁ ဦးဒဏ်ရာရခဲ့ကြောင်းလည်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက သမ္မတပူတင်နှင့် တွေ့ဆုံစဉ်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ခ်ျ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here