မုံရွာတွင် လူငယ် စကားဝိုင်းကျင်းပ

0
77

လူငယ်များအားလုံးကို အသိအမှတ်ပြုတန်ဖိုးထားပြီး လူငယ်များ၏ အရေးပါမှုအား အသိအမှတ်ပြုကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို သြဂုတ်လ (၁၂) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပစဥ် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဖြစ်တာနဲ့အညီ အနာဂတ်ကြယ်ပွင့် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး လူငယ်တွေ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း များရဲ့ စုစည်းညီညွတ်မှုစွမ်းအားနဲ့ ဘက်ပေါင်းစုံကဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။ အနာဂတ်မှာ ကျန်းမာ ကြံ့ခိုင်တဲ့၊ ကိုယ်ကျင့် တရားကောင်းမွန်တဲ့၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့ လူ့ကျင့်ဝတ်လူ့တန်ဖိုးတွေကိုအလေးထားပြီး စိတ်ဓါတ်စည်းကမ်း ကောင်းမွန်တဲ့ လူကောင်းလူတော်တွေ မွေးထုတ် ပေးနိုင်မှာဖြစ်ပါတယ်။ ဘက်စုံထူးချွန်တဲ့ လူငယ်တွေစွမ်းပကားနဲ့ သက်ရွယ်စုံညီ ပါဝင်တဲ့ လူမှုစီးပွားဘဝသာယာဖွံ့ဖြိုးတိုးတက်တဲ့ သဟဇာတဖြစ်တဲ့ အနာဂတ်လူ့ ဘောင်အဖွဲ့အစည်းကို ဖန်တီးပုံဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ စကားရည်လုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်သည်။

၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ် စကားဝိုင်းကိုကျင်းပရာ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ၊ သူ နာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသား /သူများက “ဗလငါးတန် ဖွံ့ဖြိုးရေး ”ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြ ကြောင်း သိရသည်။

အခမ်းအနားတွင်ဦးစီးဌာနပြခန်းများပါဖွင့်လှစ်ပြသခဲ့ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here