မဲဆောက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရုန်း (၆၂ )စင်း  နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

0
145

ထိုင်းနိုင်ငံ ၊မဲဆောက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရု န်း (၆၂ )စင်းနှင့်ဆက်စပ်ပစ္စည်းများကို  ထိုင်းရဲတပ်ဖွဲ့ ဖမ်း ဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ဒရုန်း (၆၂ )စင်းနှင့်ဆက်စပ်ပစ္စည်းများကို ယခုလ ဩဂုတ်(၁၁)ရက်မွန်းလွဲပိုင်းက မဲဆောက်မြို့၊ ဟွေးဟိုကျေး ရွာအနီးတွင် ထိုင်းရဲတပ်ဖွဲမှ လုံခြုံရေးစစ်ဆေးနေစဉ် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်ဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိသည့် စာရင်းများဖော်ပြချက်အရ မောင်းသူမဲ့ ဝေဟင်ယာဉ်(ဒရုန်း) UAV အမှတ်တံဆိပ် X-U AV မော်ဒယ် Talon အစီး (၆၀) ၊ DJI Mavic (၂)စီး၊ DJI ဘက္ထရီ (၃၅) လုံးနှင့် UAV မော်တာ (၄၆) လုံးတို့အား သိမ်းဆ ည်းရမိခဲ့ကြောင်း သိရသည်။

မြဝတီမဲဆောက်မြို့အတွင်း မြန်မာနိုင်ငံသို့ပို့ဆောင်မည့် တ ရားမဝင်လက်နက်ခဲယမ်းနှင့် တိုက်ခိုက်ရေး ဒရုန်းများကို ထိုင်းရဲတပ်ဖွဲ့က မကြာခဏ စစ်ဆေးဖမ်းဆီးရမိနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here