တရုတ်နိုင်ငံခြားရေးဝန်ကြီးမရောက်ခင် အခင်းအကျင်း

0
195

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာသို့လာမည်ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင်တို့၏ ရှမ်းမန်းစစ်ဆင်ရေး အပြောင်းအလဲ ရှိလာမည်လားဟု ထင်ကြေးပေးနေကြသည်။ ၂၀၂၂ ခုနှစ် ဇူလိူင် ၅ရက်က ပုဂံ တွင်လုပ်သည့် ၇ကြိမ်မြောက် မဲခေါင်-လန်ချန်းအစည်းအဝေးလာတက်စဉ်က မစ္စတာဝမ်ယိနှင့် နစက ဥက္ကဋ္ဌ တို့တွေ့ဆုံမှု သတင်းမရှိခဲ့ပေ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ ဇူလိုင် ၂၇ တုန်းကလည်းတွေ့ဆုံခဲ့သေးသည်။ တွေ့ဆုံစဉ် ဂါဇာကမ်းမြောင်ဒေသအခြေအနေ၊ ကိုရီးယားကျွန်းဆွယ်နှင့် မြန်မာနိုင်ငံအရေးတို့ကို နှစ်ဘက်စလုံးက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းတရုတ်နိုင်ငံခြားရေးကထုတ်ပြန်ထားသည်။

လက်ရှိတွင် တရုတ်အစိုးရက ရှမ်းအရှေ့မြောက်ကိစ္စ ၎င်းတို့ပါဝင်ပတ်သက်မှုမရှိကြောင်း ဆိုထားသည်။နားလည်မှုလွဲနိုင်သည့်အခြေအနေတွင် တရုတ်မြန်မာ people to people ဆက်ဆံရေး ပျက်မသွားအောင်နှင့်မြန်မာအနေဖြင့်နိုင်ငံခြားသား မုန်းတီးရေးအတွေးအခေါ်ကို သတိထားကြရမည့်အချိန်လည်းဖြစ်နေသည်။

ဇူလိူင်၂၅ တရုတ်သတင်းစာရှင်းလင်းပွဲတွင်လည်း မစ္စမော်နင်က “တရုတ် နယ်စပ်နေထိုင်သူများနှင့် တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံရှိ တရုတ် ဝန်ထမ်းများ၏ လုံခြုံရေးကို အန္တရာယ်မပြုရန်” အထူးပြုပြောကြားထားသည်။

“ရှမ်းမြောက်ဆုံးရှုံးမူ က မြန်မာတွေရဲ့ စိတ်ခံစားချက်ပြင်းထန်မှု ဖြစ်လာစေတယ်၊တော်လှန်ရေးခေါင်းစဉ်နောက်ကအနိုင်ကျင့်နေတယ် မြင်လာနေကြပြီ။ဘာအရောင်ကိုပဲ ထောက်ခံနေပါစေ အငုံ့စိတ်ကြောင့် ရေရှည်ယုံကြည်မူနဲ့ ခံပြင်းမှုတို့က ပေါက်ကွဲလာမှာကိုစိုးရိမ်ပါတယ်၊မြန်မာထဲမှာ အလုပ်လုပ်နေတဲ့ တရုတ်ကပြားတွေလည်းအများကြီးပဲလေ၊ကျနော်တို့အနေမကျုံ့ချင်ဘူး”ဟု တရုတ်တန်းမှ စီနိုမြန်မာတစ်ဦးက ရင်ဖွင့်သည်။

“ရှမ်းမြောက်မှာ စစ်သားစုဆောင်းတဲ့သတင်းက အစစ်မှန်ဆိုရင် ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်ဖို့
လုပ်နေတာဖြစ်သွားလိမ့်မယ်။မဟုတ်ပါစေနဲ့ဆုတောင်းနေရတယ်၊လက်နက်ကိုင်အဖွဲ့တွေသိမ်းခဲ့တဲ့မြို့ကလူတွေလည်းခေါ်ခံရတယ်လေ၊လားရှိုးလာတိုက်တော့ ပါလာကြရတာပဲ၊ မြို့ကျန်ပြည်သူတွေထဲမှာ ကျနော်တို့အမျိုးတွေလည်း ရှိနေတော့စိတ်ပူနေရတယ်။ နိုင်ငံတကာက ဒီအခြေနေကို အသံတိတ်နေမယ်ဆိုရင် ထူးဆန်းတဲ့အကြောင်းတရားတွေကို ဆက်စပ်စဉ်းစားကြလိမ့်မယ်။မြန်မာအစိုးရအဆက်ဆက်နိုင်ငံတကာဖိအားပေးမူရှိခဲ့တာရဲ့အကြောင်းပြချက်က မူးယစ်နဲ့လူမှောင်ခိုကြောင့်အများဆုံးလေ။အဲ့လိုကိစ္စတွေတကယ်လုပ်နေခဲ့တဲ့EAOsအဖွဲ့တွေကို ကမ္ဘာ က မသိချင်ယောင်ဆောင်နေမယ်လို့မထင်ပါဘူး “ဟု လားရှိုး မှစစ်ရှောင်လာသူတစ်ဦးကဆိုသည်။

ယခုလို နားလည်မှုလွဲနိုင်သည့်အချိန်မျိုးတွင် အကျိုးစီးပွား ပါဝင်ပတ်သက်ကြသည့် နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒက စံ မျိုးစုံကျင့်သုံးနေကြောင်း အမြင်မှားစေနိုင်သည့်အချိန်လည်းဖြစ်သဖြင့် သတိပြုကြရမည့်အချိန်လည်းဖြစ်သည်။

မြန်မာအနေဖြင့် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများချမှတ်ခံနေရသဖြင့် ယခု တစ်ခေါက် မစ္စတာဝမ်ယိလာမည့်အပေါ်  နိုင်ငံနှင့် နိုင်ငံသားအားလုံး အဆင်ပြေနိုင်စေရန် ဆန္ဒကိုယ်စီရှိလျှက်နေကြသည်။

တရုတ်၏ Belt and Road Initiative ၏ အဓိက အစိတ်အပိုင်းဖြစ်သော သီရိလင်္ကာနှင့် အိန္ဒိယ သမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်း၏ ကျန်ရှိနေသော ကုန်သွယ်ရေးလမ်းကြောင်းများအနက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ တည်ငြိမ်ရေးအတွက် အလိုအပ်ဆုံးအချိန်လည်းဖြစ်သည်။

ယခုအခေါက်မြန်မာကအပြန် သြဂုတ် ၁၆ ရက်နေ့၌ ထိုင်းနိုင်ငံ၊ချင်းမိုင် တွင်ကျင်းပမည့် မဲခေါင်- လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မစ္စတာဝမ်ယိတက်ရောက်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here