ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း တိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း အသင်းဖြင့် လမ်းခွဲ မလေးရှားကလပ်အသင်းသို့ပြောင်းရွှေ့

0
444

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၏ တိုက်စစ်မှုး တစ်ဦးဖြစ်သည့် ဝင်းသိင်္ဂီထွန်းသည် အသင်းနှင့်လမ်းခွဲကာ မလေးရှားကလပ် Sabah Football Association Women’s Team သို့ ပြောင်းရွှေ့ကစားသွားမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်းက တရားဝင်ထုတ်ပြန်ထားပြီး ဝင်းသင်္ဂီထွန်းအနေဖြင့် အသင်းနှင့် စာချုပ်ရှိနေသေးသော်လည်း ကစားသမား၏ ဆန္ဒနှင့် အောင်မြင်တိုးတက်မှုကို အလေးထားပြီး အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Sabah Football Association အသင်းသည် AFC Women Champions League 2024/2025 ကစားရမည်ဖြစ်သဖြင့် လူအင်အားဖြည့်တင်းမှုအနေဖြင့် ဝင်းသိင်္ဂီထွန်းကို ကမ်းလှမ်းလာသည့်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဝင်းသိင်္ဂီထွန်းအနေနှင့်လည်း ပထမဦးဆုံး AFC Women Champions League တွင် ကစားရသည့် ပထမဆုံး မြန်မာအမျိုးသမီး တိုက်စစ်မှုးအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

ဝင်းသိင်္ဂီထွန်းသည် အသင်းနှင့်ရှိနေစဉ်တလျှောက် အသင်းအောင်မြင်မှုရရှိရေးအတွက် မဆုတ်မနစ်ကြိုးစားပေးခဲ့ပြီး အသင်းအောင်မြင်မှုအတွက် အဓိကနေရာမှ ထိန်းကျောင်းပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် အသင်းသစ်နှင့် လျှောက်လှမ်းရမည့်ပြိုင်ပွဲတွင်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်စေကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက ဆုမွန်ကောင်းတောင်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here