ကျွန်းလှမြို့နယ်တွင် ဧရာမင်းစပါး ဧက (၂၃၀၀၀) ကျော်စိုက်ပျိုး

0
119

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၄ – ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဧရာမင်းစပါးဧက (၂၃၀၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

“မိုးစပါးကို ဇူလိုင်လမှာ စတင်စိုက်ပျိုးကြတာပါ။ ဒီနေ့အထိ (၂၃၀၀၀) ကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် မိုးစပါးကို ဧက (၃၄၀၀၀) ကျော် စိုက်ပျိုးရန်လျာထားပြီး လက်ရှိတွင် ဧရာမင်းစပါးဧက(၂၃၀၀၀) ကျော်စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကျွန်းလှမြို့နယ်တွင် မိုးစပါး ဧက (၃၄၀၀ဝ) ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ၇၃ ဒသမ ၅၉ တင်းထွက်ရှိကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရန် ချောင်းပိတ်၊ မြောင်းပိတ်၊ မြေ အောက်ရေတင်ကာ တောင်သူများ စိုက်နည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးနေကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here