အလုပ်သင်ဆရာဝန်အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကြောင့် အိန္ဒိယတစ်ဝန်းဆရာဝန်များ ဆန္ဒပြ

0
204

အနောက်ဘင်္ဂလားပြည်နယ် အရှေ့ပိုင်းတွင် အလုပ်သင် ဆရာဝန်တစ်ဦးကိုအဓမ္မပြုကျင့်ကာသတ်ဖြတ် သောကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း၌ထောင်နှင့်ချီသော ဆရာဝန်များက ဆန္ဒပြ သပိတ်မှောက်ခဲ့ကြကာ ကျန်းမာရေးလုပ်သားများအတွက် ပိုမိုကောင်းမွန်သော အကာအကွယ်များဖော်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကိုလ်ကတ္တားမြို့ RG Kar ဆေးကောလိပ်ဆေးရုံ၏ ဆွေးနွေးခန်မတွင် ဒဏ်ရာဒဏ်ချက်များစွာနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံထားရသည့် လက္ခဏာများရှိနေသောဆရာဝန်၏ ရုပ်အလောင်းကို ပြီးခဲ့သည့် သောကြာနေ့တွင် တွေ့ရှိခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လူတစ်ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များ၏ ဆန္ဒပြဖြစ်စဉ်ကြောင့် အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံ နေရာအများအပြားရှိ ဆေးရုံများ၏ ဝန်ဆောင်မှုများ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

တနင်္လာနေ့တွင် ဆရာဝန်ထောင်ပေါင်းများစွာက အခင်းဖြစ်ပွားရာ ဆေးရုံသို့ ဆန္ဒပြချီတက်ခဲ့ကြပြီး သေဆုံးသူ၏ မိသားစုဝင်များအတွက် တရားမျှတမှု ရရှိရေးနှင့် ပိုမိုကောင်းမွန်သည့် လုံခြုံရေးအစီအမံများအတွက် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြမှုသည် အင်္ဂါနေ့တွင် နိုင်ငံတစ်ဝန်းသို့ လှုပ်ခတ်ခဲ့ပြီး ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်မှ အစိုးရဆရာဝန် ၈၀၀၀ ကျော်က ဆန္ဒပြမှုတွင် ပူးပေါင်းလာခဲ့သဖြင့် အရေးပေါ်ဋ္ဌာနများမှအပ ဆေးရုံ၏ အခြားဋ္ဌာနများအားလုံး ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

မြို့တော် နူးဒေလီတွင်လည်း အငယ်တန်းဆရာဝန်များက ဂျုတီကုတ်များဝတ်ဆင်ကာ အစိုးရဆေးရုံကြီးတစ်ခုရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။

ဆရာဝန်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကိုလ်ကတ္တားရှိ စေတနာဝန်ထမ်းရဲတစ်ဦးကို စနေနေ့တွင် ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းသည် စည်းကမ်းပိုင်းဆိုင်ရာအရ အခင်းဖြစ်ဆေးရုံမှ နုတ်ထွက်သွားခဲ့ကြောင်း သိရပြီးနောက် ၎င်းတို့ပတ်ဝန်းကျင်တွင် လုံခြုံမှုမရှိသည့်အရေးအတွက် ဆရာဝန်များ ရတက်မအေးပိုဖြစ်ခဲ့ရသည်။

Ref: CNN,Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here