ယခုတစ်ကြိမ် စက်သုံးဆီပြတ်လပ်မှုသည် ယခင်ထက်နှစ်ဆပိုဆိုးဟုဆို

0
115

ယခုရက်ပိုင်းအတွင်း နိုင်ငံခြားငွေ ရရှိမှုနည်းပါးခြင်း၊ဒေါ်လာဈေးမြင့်တက်နေခြင်းတို့ကြောင့် စက်သုံးဆီ ဆီကုမ္မဏီများ သင်္ဘောပေါ်မှ စုပေါင်းချယူရန်အခက်ခဲများဖြစ်လျှက်ရှိနေသည်ဟုသိရသည်။ထို့ကြောင့်ဆီဆိုင်တွင်ကားတန်းများရှည်လျားသလို ၂ထပ်ဖြစ်သည်အထိတန်းစီနေကြသဖြင့်လမ်းသွားကားများဖြင့်ပေါင်းကာ နေရာတိုင်း ကားကျပ်လျှက်ရှိနေသည်။

ဩဂုတ်လ လဆန်းပိုင်းတွင်လည်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့၍ တန်းစီဝယ်ယူခဲ့ရသေးသည်။

သို့သော် ဆီပြတ်လပ်မှုသည် ဆိုးသထက်ဆိုးလာ၍ စက်သုံးဆီကို ညအိပ်စောင့်ဆိုင်း၍ တန်းစီနေရကြောင်းလည်း စုံစမ်းသိရှိရသည်။

” ညအိပ်စောင့်ပြီး တန်းစီနေရတယ်။ ဒါတောင် တစ်ရက်လောက်ကြာတယ်။ အရင်တစ်ခေါက်တွေက ဆီပြတ်တယ်ဆိုပေမယ့် ဆိုင်တိုင်းလိုလိုမပြတ်ဘူး။ အခုကဆိုင်တိုင်းကို မရတော့တာ။ အရင်တစ်ခေါက်တွေထက် ပိုဆိုးတယ်။ တနေ့ကိုမှ ဆီဘောက်ဆာယာဉ်တစ်စီးပဲ လာတာတွေ့ရတယ်”ဟု သာကေတမြို့နယ်တွင် စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေသူတစ်ဦးက ပြောသည်။

“ဆီရရင်ကို ကံထူးရှင်ဖြစ်နေတာ၊ ခုမနက် ၆နာရီကနေစီထားလိုက်တာ နေ့လည်၂နာရီမှာရတယ်။ကိုယ်တွေအလှည့်ထိ အပြည့်ဖြည့်လို့ရသေးတယ်၊နောက်ကားတွေကိုတော့ ၅သောင်းဖိုးစီပဲရမယ်လို့အော်နေသံကြားတယ်၊ ၉၂ ပဲရတော့ booster ပါ ဝယ်သုံးရတယ်၊ ခုသုဝဏ္ဏပန်းခြံနားကဆိုင်မှာ ၉၅ ရနေတယ်ကြားတယ်၊အချိန်ပေးပြီးအလုပ်တစ်ခုလိုစောင့်ဖြည့်မှရတော့ အခြားအလုပ်တွေပစ်ထားရတယ်”ဟု ယခုနေ့ခင်းဆီဖြည့်လာသည့်သူကရှင်းပြသည်။

ယခုအခါ စက်သုံးဆီဝယ်ယူရန် အခက်အခဲရှိခြင်းကြောင့် အငှားယာဉ်မောင်းအချို့သည် ပြေးဆွဲမှုရပ်နားထားရသလို ရန်ကုန်အပြင် မန္တလေးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း စက်သုံးဆီပြတ်လပ်မှုများ‌ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုအကြိမ်တွင် စက်သုံးဆီဘယ်နေ့ပြန်လည်ရရှိနိုင်မည်ကို ခန့်မှန်းနိုင်ခြင်းမရှိသည့်အတွက် ပြည်သူလူထုအတွင်းစိုးရမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်းသိရသည်။

ဗဟိုဘဏ်မှ ယခုရက်သတ္တပတ်အတွင်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၆) သန်း၊ တရုတ်ယွမ် (၅) သန်းနှင့် ထိုင်းဘတ် (၁၀) သန်းတို့ကို ထပ်မံရောင်းချပေးမည်ဖြစ်‌ကြောင်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here