ရိုးရာဖိုက်တာ စိုးလင်းဦး ဓာတ်ပုံပါ တီရှပ်များ ရောင်းရငွေမှ အခက်အခဲရှိသူများအတွက် ကူညီသွားမည်

0
99

ONE Friday Fights 81 ပွဲစဉ်၏ ဘန်တမ်ဝိတ်တန်းတွင် ရိုးရာဖိုက်တာ စိုးလင်းဦး နှင့် Nabil Anane တို့ လာမည့် စက်တင်ဘာ (၂၇)ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ရာ အဆိုပါ ပွဲမတိုင်မီ စိုးလင်းဦး ဓာတ်ပုံပါ တီရှပ်များကို ရောင်းချပေးနေပြီး ရောင်းချရငွေအမြတ်အစွန်းမှ အခက်အခဲရှိသူများအတွက် ကူညီသွားမည်ဟု စိုးလင်းဦး၏ ဒို့ရိုးရာကလပ်က အသိပေးထားသည်။

အဆိုပါ တီရှပ်များကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရောင်းချခြင်းဖြစ်ပြီး စိုးလင်းဦး၏ ပရိတ်သတ်များအတွက် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

” မှာယူအားပေးနိုင်ပါတယ်။ ရရှိလာမယ့် အမြတ်အစွန်းလေးတွေကို လိုနေသူတွေကို ကူညီမျှဝေသွားပါမယ်ခင်ဗျာ့” ဟု စိုးလင်းဦးက ဆိုထားသည်။

ယင်း တီရှပ်ရောင်းချမှုအတွက် ဝယ်ယူသူများပြားနေပြီး စိုးလင်းဦးအနေဖြင့် ကရင်တိုင်းရင်းသား ကိုယ်စားပြု ကရင်အလံဖြင့် တွဲ၍ ရိုက်ထားသည့် ဓာတ်ပုံဖြင့် ထပ်မံထုတ်လုပ်ရောင်းချရန် တောင်းဆိုမှုများရှိနေသည်ကို တွေ့ရသည်။

ရိုးရာဖိုက်တာ စိုးလင်းဦးသည် ONE ကပြုလုပ်သည့် ပွဲစဉ် (၃)ပွဲအတွင်း ရှုံးပွဲမရှိ (၃)ပွဲဆက်တိုက် အနိုင်ရရှိထားသူလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here