သင်္ဘောကျင်းပေါက်ကွဲမှုတွင် ‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးလျင် နစ်နာကြေး ဘတ် (၈)သိန်းကျော် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ပေးအပ်မည်

0
281

ဩဂုတ် (၉) ရက်၊ နေ့လယ် (၁) နာရီခွဲ အချိန်က အယုဒ္ဓခရိုင်၊ ဘန်ဆိုင်မြို့နယ်၊ စနမ်ချိုင်ကျေးရွာရှိ
သ‌င်္ဘောကျင်းလုပ်ငန်းခွင်၌ သတ္တုများကို ဝရိန်ဆော်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမား (၂) ဦး ‌ေ-သဆုံးကာ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ‌ေ-သဆုံးခဲ့ရသူ မြန်မာလုပ်သား (၂) နှစ်ဦးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက လုပ်သက်အလိုက် ‌ေ- သဆုံးသူ ကိုကျော်မြတ်သူအား နစ်နာကြေး ဘတ်ငွေ ၈၃၃၀၃၆ ဘတ် ၊  ကိုဝင်းထွန်းကိုအား နစ်နာကြေး ဘတ်ငွေ ၈၁၄၄၀၀ဘတ် (လက်ရှိ ထိုင်း-မြန်မာ ငွေလဲဈေးအရတစ်ဦးလျင် မြန်မာကျပ်ငွေ သိန်း(၁၅၀၀) ကျော်စီ) ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here