အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်ကြုံနေသည့် မြန်မာနိုင်ငံသူအားသံရုံးကကူညီပေး

0
273

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ တစ်ဦးအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံ အစိုးရအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းချိတ်ဆက်မှုဖြင့် ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခမ်းဘွာအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြန်လည်ခေါ်ဆောင်ရာ မခမ်းဘွာမှာ ဩဂုတ် (၁၂) ရက် ဒေသစံတော်ချိန် (၁၂) နာရီ ၅၅ မိနစ်တွင် ဘဂ္ဂဒက်မြို့မှ ဘာရိန်း – ဘန်ကောက် – ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ဩဂုတ် (၁၃) ရက် ညနေ (၆) နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here