တိုက်စစ်မှူး စန်းသော်သော်၏ သွင်းဂိုး (၅)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဧရာဝတီယူနိုက်တက်

0
354

ယနေ့ ဩဂုတ် (၁၄)ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားကြသည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် YREO အသင်းတို့ ၏ ပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်အသင်း၏ တိုက်စစ်မှူး စန်းသော်သော်က သွင်းဂိုး (၅)ဂိုးသွင်းယူခဲ့သည့်အတွက် သူမ၏ အသင်းဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ ထံကသိရသည်။

ထို့ကြောင့် တိုက်စစ်မှုးစန်းသော်သော်အား မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုး‌ကျော်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ယူကီတက်ဆုရိုတို့က အကောင်းဆုံး ကစားသမားဆုကို ချီးမြင့်ပေးခဲ့သည်။

ယနေ့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်သည် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီး‌ အမှတ်ပေးဘောလုံးပြိုင်ပွဲ့၏ ဒုတိယအကျော့ပွဲစဉ် (၁၃)လည်း ဖြစ်သည်။

စန်းသော်သော်သည် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများဖြစ်သည့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်းတို့တွင် အဆင့်ဆင့်ကစားခဲ့ပြီး ခြေစွမ်းကောင်းများပြသနိုင်ခဲ့သောကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကြီးအထိ ပါဝင်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု ၂၀၂၄ခုနှစ် မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမား(၄)ဦးထွက်ပေါ်ထားပြီး ၎င်းတို့မှာ မြဝတီအသင်းမှ ဖြူဖြူဝင်းနှင့် ရူပါခိုင် ၊ ဧရာဝတီအသင်းမှ စန်းသော်သော် နှင့် ရန်ကုန်ယူနိုက်တက်အသင်းမှ ယွန်းဝတီလှိုင်တို့ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here