CNG Gas မရရှိခြင်းကြောင့် YBS ယာဉ်အစီးရေ ရှားပါးလာ

0
298

ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ CNG Gas များမရရှိခြင်းကြောင့် YBS ယာဉ်များယာဉ်အပြည့်အဝမထွက်ရှိနိုင်ဘဲ ယာဉ်ရှားပါးမှုပြသနာကို ကြုံတွေ့နေရကြောင်း ခရီးသည်များ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ စက်သုံးဆီအပြင် CNG Gas ပါပြတ်လပ်နေကြောင်း၊ YBS ယာဉ်များသည်လည်း CNG Gas ဖြည့်တင်းရာတွင် ညအိပ်စောင့်ဆိုင်းရမှုများရှိလာကြောင်း သိရသည်။

” ညအိပ်စောင့်ရတယ်။ အရင်တုန်းက လေးငါးခေါက် ကားဆွဲနိုင်တယ်။ အခုက နှစ်ခေါက်လောက်ပဲရတော့တယ်။ ပြီးရင် Gas ပြန်တန်းစီရတယ်။ ရုံးတတ်ချိန်ကအဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး။ အရင်လို တစ်နာရီနှစ်နာရီတန်းစီယုံနဲ့ မရတော့ဘူး။ တစ်ရက်ကြာတယ်။ စောင့်ရတာ” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်အစီးရေ ၃၅၀၀ ခန့် ခရီးသည် တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေပြီး ယခုအခါ ယင်းထက် ထက်ဝက်ခန့်နီးပါး လျော့နည်းပြေးဆွဲနေရကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က မြင်းခြံတွင်ရှိသည့် V- Power နှင့် Sembcorp သဘာဝ ဓာတ်ငွေ့သုံးစက်ရုံများ အရေးပေါ်ရပ်တန့်သွားကြောင်း သြဂုတ် (၁၂)ရက်တွင် အသိပေးထုတ်ပြန်ထားပြီး ယင်းကဲ့သို့အရေးပေါ် ရပ်တန့်ခဲ့ရသည့်အတွက်  ၄၉၂၀ မဂ္ဂါဝပ် နာရီခန့် လျော့နည်းလျက်ရှိပြီး လျှပ်စစ်မီးလုံလောက်စွာမရရှိသည့် အတွက် CNG Gas များမရရှိတော့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here