အိန္ဒိယနိုင်ငံ၏ “ပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့” အခမ်းအနားကို အိန္ဒိယသံရုံးတွင် ကျင်းပ

0
111

ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင်ကျရောက်သော အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်‌နေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား (Partition Horrors Remembrance Day)ကို အိန္ဒိယသံရုံး၊ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဝမ်းနည်းထိတ်လန့်မှုများ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား (Partition Horrors Remembrance Day) ဆိုသည်မှာ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ပိုင်းခြားမှုကြောင့် ကြီးမားသော ကသောင်းကနင်းဖြစ်ခဲ့ပြီး သန်းပေါင်း များစွာသော ပြည်သူများနေရပ်စွန့်ခွာကာ လူ့အသိုင်းအဝိုင်းများ ပြိုပျက်သွားသည့် ကာလဖြစ်ကြောင်း သိရသည်။

Partition Horrors Remembrance Day မှာ အိန္ဒိယနှင့် ကမ္ဘာ့သမိုင်းတွင် ခက်ခဲနက်နဲသောအပိုင်းဖြစ်သည့် ၁၉၄၇ ခုနှစ်တွင် သီးခြား နိုင်ငံ နှစ်ခုအဖြစ် ပိုင်းခြားခဲ့ခြင်းအားအောက်မေ့သတိရရန်နှင့် ပစ္စုပ္ပန်ကို ရင်ဆိုင်ပြီး အနာဂတ်ကို ပုံဖော်ရာတွင် အိန္ဒိယ၏ပိုင်းခြားမှု အတွေ့အကြုံမှ သင်ခန်းစာယူရန် ယခုလို ဆုံတွေ့ခြင်း ဖြစ်ပြီး ဒီကနေ့ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁.၁ ဘီလီယံ၊ မွတ်ဆလင် သန်း ၂၀၀၊ ခရစ်ယာန် သန်း ၃၀၊ ဆစ်ခ် သန်း ၂၀၊ ဗုဒ္ဓဘာသာဝင် ၁၀ သန်းနှင့် ဂျိန်းဘာသာဝင် ၅ သန်းတို့ နေထိုင်ကြပါတယ်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဟိန္ဒူနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်ကာ ဗုဒ္ဓဘာသာဝင်များအတွက် အမွေအနှစ်ဖြစ်တဲ့ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာသည် ကျွနု်ပ်တို့ နိုင်ငံတွင်တည်ရှိနေခြင်းကိုလည်း အလွန်ဂုဏ်ယူကြောင်း အိန္ဒိယနိုင်ငံသံအမတ်ကြီးမှ ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here