အွန်လိုင်းမှ ဈေးရောင်းချသည့် လုပ်ငန်း (၇,၁၀၀) ကျော်ကို မှတ်ပုံတင်ခွင့်ပြုထုတ်ပေးထား

0
221

အွန်လိုင်းစနစ်ဖြင့်ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့ရာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂)ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်အထိ လုပ်ငန်းစုစုပေါင်း (၇,၁၆၉) ခုကို မှတ်ပုံတင်ခွင့်ပြုထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလို င်လ (၂၁) ရက်တွင် ထုတ်ပြန်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ကုန်စည်ရော င်းချသူများကို အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အ‌ရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဩဂုတ် (၁၀) ရက်တွင် ထပ်မံ အသိပေးထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ် ကိုင်နေကြသူများအနေဖြင့် eComReg System www. ecomreg.gov.mm တွင် မှတ်ပုံတင်လက်မှတ်များ လျှော က်ထားရယူကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here