ဆန်ထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်း(၂)ကို ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် အတည်ပြုခဲ့

0
262

ယမန်နေ့ ဩဂုတ် (၁၄) ရက်က ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးတွင် ဆန်ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း (၂)ခုကို အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး၌ ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ ရင်းနှီးမြှုပ်နှံမှုများအတွက်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရှိတိုင်း ဒေသကြီးနှင့် ပြည်နယ် (၁၅) ခုအနက် ဧရာဝတီတိုင်းဒေသကြီးသည် လူဦးရေထူထပ်ပြီး စိုက်ပျိုးမြေများစွာရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပို့ကုန်များစွာ ထွက်ရှိသည့် ဒေသဖြစ်ခြင်းနှင့် အပန်းဖြေသွားလာလည်ပတ်နိုင်သည့် ကမ်းခြေများရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းနှင့် ဘက်စုံရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်နိုင်သဖြင့် နိုင်ငံ့စီးပွား တိုးတက်မှု အတွက် အရေးပါသော ဒေသကြီးဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာခြင်း၊ သဘာဝအရင်းအမြစ်များစွာရှိခြင်း၊ လူဦးရေထူထပ်များပြားခြင်းနှင့် မြေဩဇာကောင်းမွန်သော မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းတို့သည် ရင်းနှီးမြှုပ်နှံမှုအတွက် အားထားရသည့် အချက်များဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here