ယူကရိန်းသို့ ၅၂ဒေါ်လာ လှူဒါန်းခဲ့သည့် အမျိုးသမီးအား နိုင်ငံတော်ပုန်ကန်မှု စွဲချက်ဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

0
223

ယူကရိန်းနိုင်ငံကို ထောက်ပံ့ကူညီနေသည့် ပရဟိတလုပ်ငန်းတစ်ခုသို့ အမေရိကန်ဒေါ်လာ ၅၂ ဒေါ်လာခန့် လှူဒါန်းခဲ့သည့် အမေရိကန်-ရုရှား နိုင်ငံသူတစ်ဦးဖြစ်သော ခါဗာနာအား ရုရှားနိုင်ငံတရားရုံးတစ်ရုံးက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ကို ကြာသပတေးနေ့က ချမှတ်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် The First Department က အဆိုပါ စွဲချက်နှင့် ပြစ်ဒဏ် သည် အမေရိကန် ပရဟိတ အဖွဲ့တစ်ခုသို့ ဒေါ်လာ ၅၁.၈၀ လှူဒါန်းမှုမှ အရင်းခံသည်ဟု ဆိုသည်။

ရုရှားအာဏာပိုင်များက Ksenia Karelina ဟုအမည်ပေးထားသော ခါဗာနာ(Khavana)အား ယူရယ်လ်တောင်တန်းဒေသ၏ မြိုု့ဖြစ်သည့် Yekaterinburg တွင် ဖေဖေါ်ဝါရီလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်အပတ်က ရုံးချိန်းတွင် အပြစ်ရှိကြောင်း သူမကဝန်ခံခဲ့သည်ဟု သတင်းများက ဆိုသည်။

အသက် ၃၃ နှစ်အရွယ် ဘဲလေးအကသမားဟောင်း ခါဗာနာ သည် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် လက်ထပ်လိုက်ကာ လော့စ်အိန်ဂျလိစ်သို့ ပြောင်းရွှေ့ပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ သူမသည် ရုရှားနိုင်ငံသို့ ပြန်လာခဲ့ပြီး ၎င်း၏ မိသားစုထံ သွားရောက်လည်ပတ်ခဲ့ရာတွင် အဖမ်းခံရခြင်းဖြစ်သည်။

ဖမ်းဆီးခဲ့ပြီးနောက် သူမ၏ ဖုန်းအား စစ်ဆေးရာ လှူဒါန်းမှု အထောက်အထားများကို ရဲများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူမသည် အမေရိကန်- ရုရှား နှစ်နိုင်ငံစလုံးတွင် နိုင်ငံသားအဖြစ် တရားဝင်နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here