ယခုနှစ်အတွင်း ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၁၄၀,၀၀၀)ကျော်အထိ လာရောက်လည်ပတ်ခဲ့

0
226

ငွေတောင်ကမ်းခြေသို့ ယခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် စုစုပေါင်း (၁၄၀,၀၀၀)ကျော်အထိ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ငွေတောင်ကမ်းခြေသို့လာသည့် ခရီးသွား ဧည့်သည်အများစုသည် မြတ်မော်တင်စွန်းစေတီကို လာရောက်ဖူးမြော်ရင်းလာရောက်လည်ပတ်သည့် ဧည့်သည်ပိုများကြောင်းလည်း သိရသည်။

စေတီနှင့် ကမ်းခြေကနီးသည့်အတွက် အခြားဘုရား ပုထိုး စေတီများ ကမ်းခြေနှင့်ယှဉ်ပါက ဘုရားဖူးများ၊ ကမ်းခြေလာသည့် ဧည့်သည်များနှင့်ပိုစည်ကားကြောင်းလည်း သိရသည်။

လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားများ ပိုမိုလာရောက်လိမ့်မည်ဟု ခန့်မှန်းထားပြီး ယခုကဲ့သို့ ခရီးသွားဧည့်သည်များ အလာများသည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင်များ အဆင်ပြေလာကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here