သက်ဆင်၏သမီးသည် သမိုင်းတွင်အသက်အငယ်ဆုံးဝန်ကြီးချုပ်နှင့်ဒုတိယမြောက်အမျိုးသမီးထိုင်းဝန်ကြီးချုပ်ဖြစ်လာ

0
185

ဖြူထိုင်းပါတီခေါင်းဆောင် မစ္စပေတွန်တန် ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံ၏ ၃၁ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာပြီဖြစ်သည်။

ပါလီမန်အမတ်များက မဲခွဲဆုံးဖြတ်ရာ ၂၅၈ မဲဖြင့်အသက် ၃၇ နှစ်အရွယ်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူမသည် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်မှာ သူမ၏ အဒေါ်ဖြစ်သူ ယင်လပ် ဖြစ်သည်။

ဝန်ကြီးချုပ် ပေတွန်တန်သည် SC Asset Corporation ၏ နံပါတ်တစ် အစုရှယ်ယာရှင်ဖြစ်ပြီး Thaicom Foundation ၏ ဒါရိုက်တာတစ်ဦးဖြစ်လည်းသည်။ သူမ၏ခင်ပွန်းမှာ Pitaka Suksawat ဖြစ်ပြီး သမီးတစ်ယောက်နှင့်သားတစ်ယောက်ရှိသည်။

သူမတို့သည် ထိုင်းတရုတ်ကပြားများဖြစ်ကြသည်။သက်ဆင်၏အဘိုးဖြစ်သူ ဆိုင်းဆာခူသည် တရုတ်နိုင်ငံ၊ Meizhou၊ Guangdong မှ ရွှေ့ပြောင်းအခြေချသူဖြစ်ပြီး ၁၈၆၀ ခုနှစ်များတွင်စီယမ်း(ထိုင်း) သို့ရောက်ရှိလာပြီး၁၉၀၈ ခုနှစ်တွင် ချင်းမိုင်တွင်အခြေချနေထိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here