သံလွင်မြစ် ခေါင်းဆေးကျွန်းအနီး စက်လှေတိမ်းမှေ-ာက်မှုဖြစ်စဉ်မှ ရေန-စ်ပျောက်ဆုံးခဲ့သူနှစ်ဦးအနက် တစ်ဦးအား ယနေ့အချိန်အထိ ရှာဖွေ မတွေ့ရှိတော့ဟု ဆို

0
133

ဩဂုတ်(၂)ရက်ကဖြစ်ပွားခဲ့သည့် သံလွင်မြစ် ခေါင်းဆေး ကျွန်းအနီး စက်လှေတိမ်းမှော-က်မှုဖြစ်စဉ်မှ ရေန-စ်ပျောက်ဆုံးခဲ့သူနှစ်ဦးအနက် တစ်ဦးအား ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း ဒေသခံ ပရဟိတ အဖွဲ့တာဝန်ခံတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

“ရှာမတွေ့တော့ဘူးဗျ။ ဒီအတိုင်းဆိုရင်တော့ ပင်လယ်ဘက် မျောသွားလောက်ပါပြီ”ဟု ၎င်းက ဆိုသည်။

ယင်း ဖြစ်စဉ်အတွင်း ရေန-စ်ပျောက်ဆုံးသူ နှစ်ဦးအနက် အသက်(၆၀)အရွယ် သက်ကြီးပိုင်းတစ်ဦးအား ဩဂုတ်(၄) ရက်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း အသက်(၂၄) နှစ်အရွယ် လူငယ်မှာ (၁၂)ရက်ကြာအထိ ရှာဖွေမတွေ့ရှိခြင်းလည်းဖြစ်သည်။

ဩဂုတ်လ(၂)ရက် မွန်းလွဲပိုင်း အချိန်က ခေါင်းဆေးကျွန်းလှေဆိပ်အနီး ကျောက်စလစ် စက်လှေတစ်စီး ကျောက်ဆောင်ဖြင့် ညှိနေစဉ် အနီးရှိ စက်လှေဆိပ်မှ ဒေသခံ စက်လှေသမား (၂)ဦးက သွားရောက်ကူညီစဉ် တိမ်းမှေ-ာက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခေါင်းဆေးကျွန်းသည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်နှင့် ဒုံသမိမြစ်တို့ ဆုံသည့် မြစ်ဝကျယ်တစ်ခုဖြစ်ကာ ရေစီးသန်၍ ရေဝဲများ ရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။

ပုံစာ -‌ ရေနစ်ပျောက်ဆုံးသူနှစ်ဦးအနက် ဩဂုတ်(၄)ရက်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့စဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here