HKTDC Food Expo PRO တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ထွက်ကုန်များဖြင့် ပါဝင်ပြသ

0
91

ဟောင်ကောင် ကုန်သွယ်မှုတိုးတက်ရေးကောင်စီမှ စီစဉ်ကျင်းပသည့် HKTDC Food Expo PRO တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ထွက်ကုန်များဖြင့် ပါဝင်ပြသလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

HKTDC Food Expo PRO ကို Hong Kong Convention & Exhibition Centre ၌ သြဂုတ် (၁၅)ရက်မှ သြဂုတ် (၁၉) ရက် အထိ ကျင်းပလျက်ရှိရာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်ပြသနေခြင်းဖြစ်သည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် Aung Nay Lin Htun Co., Ltd မှ ထုတ်လုပ်သော Genius Shan Highlands Coffee (100% Arabica Coffee) နှင့် Haw Nan အသင့် ဖျော်နှပ်ကော်ဖီများ၊ CHO CHO Industry Ltd မှ ထုတ်လုပ်သည့် အသင့်စား ခေါက်ဆွဲခြောက်များ၊ အဲမီး အသင့်စားရှမ်းခေါက်ဆွဲများ စသည့် မြန်မာ့ထွက်ကုန်များဖြင့် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ဟောင်ကောင်ဒေသ၊ တရုတ်ပြည်မ၊ ဩစတြေးလျ၊ ကနေဒါ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မက္ကစီကို၊ ဖိလစ်ပိုင်၊ ပိုလန်၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ သီရိလင်္ကာ၊ တရုတ် – တိုင်ပေ (ထိုင်ဝမ်)၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ် စသည်ဖြင့် နိုင်ငံ/ ဒေသ (၂၁) ခုမှ ပြခန်းများ ပြသခြင်း၊ ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here