မိခင်နာရေးအပြီး တပတ်တွင် တာဝန်မှနားလိုက်ရသည့် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ၏အဖြစ်

0
89

သြဂုတ် ၁၄ ရက်က ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားရန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ချက်ချပြီးနောက်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဆရတ်သာ၏ အနာဂတ် အစီအစဉ်များကိုမေးမြန်းခဲ့သည်။

ဆရတ်သာက ဩဂုတ်လ ၂၄ ရက်တွင်၄င်းအမေ၏အရိုးပြာကိစ္စများမူလအစီအစဉ်ထက် စောစီးစွာ စီစဥ်ဖို့ခရီးစောထွက်နိုင်မည်ဟုဆိုသည်။

အစိုးရအိမ်တော်မှ မထွက်ခွာမီ နောက်ဆုံးမေးခွန်းအဖြစ် ဆရတ်သာ၏ဘဝတွင်အမှတ်တရအဖြစ်ဆုံးအရာကဘာပါလဲဟုမေးရာ၄င်းက “သားကောင်းတစ်ယောက်အဖြစ်ပါ” ဟု တိုတိုတုတ်တုတ် ပြန်ဖြေသည်။

ဇူလိုင် ၂၁ ရက်က ကွယ်လွန်ခဲ့သည့် ဆရတ်သာ၏မိခင် Chodchoi Thavisinအားသြဂုတ် ၆ ရက်က တော်ဝင်မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံ၏ အမေများနေ့သည် သြဂုတ် ၁၂ ရက်ဖြစ်ရာ ၂၀၂၄ ခုနှစ် အမေများနေ့တွင် မိခင်မရှိဘဲ ဖြတ်သန်းရခြင်းမှာ အသက်၆၂ နှစ်တွင် ပထမဆုံးနှစ်ဖြစ်ကြောင်း၄င်းက ရေးသားခဲ့သည်။ မုဆိုးမအဖြစ် ဖခင်တာဝန်ကော မိခင်တာဝန်ပါ တဦးတည်း ပြုစုပျိုးထောင်ပေးခဲ့သည့် မိခင်ဖြစ်သူကိုလည်း လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဘဝမှာ ဘာတစ်ခုမှ ချို့တဲ့နေတယ်လို့ မခံစားစေဘဲနဲ့ဘဝရဲ့ နေ့ရက်တိုင်းကို နွေးထွေးမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်ဟု၄င်းကဆိုသည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here