ဆွီဒင်၌ မျောက်ကျောက် ဝေဒနာရှင်တစ်ဦး စတင်တွေ့ရှိ

0
153

စတော့ခ်ဟုမ်း၊ဩဂုတ် ၁၆

မကြာသေးမီအချိန်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေငြာခဲ့သည့် mpox အမည်ရှိမျောက်ကျောက် ရောဂါကို အာဖရိကတိုက်၏ပြင်ပနိုင်ငံဖြစ်သော ဆွီဒင်နိုင်ငံ၌ ပထမဆုံးတွေ့ရှိရပြီဖြစ်ကြောင်း ဆွီဒင်ကထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါလူနာ၌တွေ့ရှိရသည့်ရောဂါအမျိုးအစားသည် ၂၀၂၃ ခုနှစ်က အာဖရိကရှိ ကွန်ဂိုနိုင်ငံ၌ တွေ့ရှိရသည့် mpox ရောဂါအမျိုးအစားပင်ဖြစ်ပြီး ကူးစက်ခံရသူသည် အာဖရိကသို့အလည်သွားစဉ် ကူးစက်လာခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်၌ ရောဂါကူးစက်နေသူကို သီးသန့်ထားရှိကာ ဆေးကုပေးနေပြီး အများပြည်သူသို့ကူးစက်ရန်မစိုးရိမ်ရကြောင်း၊ ကူးစက် ရန်ရာခိုင်နှုန်းနည်းကြောင်းလည်းပြောကြားခဲ့သည်။

ကွန်ဂို၌ နှစ်စကတည်းက အဆိုပါ mpox ရောဂါဖြင့် ‌ေ-သဆုံးသူ ၅၄၈ ဦးအထိရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အဆိုပါ ရောဂါကို ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ယမန်နေ့ကထုတ်ပြန်ကြေငြာခဲ့သည်။

စတင်ဖြစ်ပေါ်ချိန်က မျောက်ကျောက်ရောဂါဟုခေါ်ဆိုခဲ့သည့် အဆိုပါ mpox ရောဂါကို ၁၉၇၀ ပြည့်နှစ်ကတည်းက ကွန်ဂိုတွင် စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဖော်ပြထားသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here