စားရေးရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရမည်ဟု နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ပြောကြား

0
69

ပြည်တွင်း၌ စားရေးရိက္ခာများ ဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၁၅) ရက်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပစဥ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်အတွင်း စိုက်ပျိုးရေး ကဏ္ဍများတွင် ခေတ်မီနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ မြေကို စနစ်တကျပြုပြင်ခြင်း၊ သွင်းအားစုများ ပြည့်မီစွာထည့်သွင်းခြင်း၊ အောင်ရေရရှိအောင်လုပ်ဆောင်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် အစီအမံများ စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်စေလိုကြော င်း ၎င်းက ပြောကြားသည်။

ထို့ပြင် သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ အမျိုးသားရေး ရည်မှန်းချက်တစ်ခုအနေဖြင့် ဆောင်ရွက်ကြရန်၊ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးခဲ့သ ည့် မိုးစပါးစိုက်ခင်းများကို အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီမံလုပ်ဆောင်ရန်၊ လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်လည်း ၎င်းကဆိုသည်။

မွေးမြူရေးနှင့် ပတ်သက်၍ နို့စားနွားမွေးမြူမှုနှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထွက်ရှိသည့် နို့ထွက်ပစ္စည်းများကို အဆင့်မြင့်နို့ထွက်ပစ္စည်းများအဖြစ် ထုတ်လုပ်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့်အောင် ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ စားရေရိက္ခာများ ဖူလုံမည်ဟုလည်း ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here