တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် ပြည်သူတစ်ရပ်လုံးကိုမျက်နှာမူကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

0
333

ယနေ့ ဩဂုတ်လ (၁၆) ရက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း (၄) နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက တရုတ်နိုင်ငံသည် ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေလက်ကိုင်ထားရှိကြောင်း၊မြန်မာနိုင်ငံအ‌ေနဖြင့် အချုပ်အခြာအာဏာနှင့် နိုင်ငံတစ်သားတည်းဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရေးကို ထောက်ခံအားပေးကြောင်း ဆိုသည်။

ထို့ပြင် နစက၏ ရှေ့လုပ်ငန်းစဉ်ငါးရပ် အသစ်နှင့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်၏ ကိုက်ညီသည့်အချက်ကို တက်တက်ကြွကြွဆွေးနွေးကာ အပြန်အလှန်မြှင့်တင်၍ စုပေါင်းအင်အားအဖြစ်ဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့်မြန်မာပြည်သူများ လက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်း ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံမှ(၄)နိုင်ငံ အိမ်နီးချင်းများ အနေဖြင့် မြန်မာနိုင်ငံ အခက်အခဲကြုံတွေ့ချိန်တွင် ကူညီသောလက်ကမ်းပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို ကောင်းမွန်စွာအသုံးပြု၍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နားလည်မှုတိုးမြှင့်ပြီးပြည်တွင်းတည်ငြိမ်မှုနှင့် နိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ဆောလျင်စွာဖော်ဆောင်ရန် ဆန္ဒရှိသည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here