မြောက်ကိုရီးယားနှင့် အလုပ်အဖွဲ့အဆင့် ဆွေးနွေးရေး တောင်ကိုရီးယားကမ်းလှမ်း

0
147

တင်းမာမှုများကိုဖြေလျှော့ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုပြန်လည် စတင်နိုင်ရေးအတွက်ဆွေးနွေးမှုများဖြစ်ပေါ်လာရန် မြောက်ကိုရီးယားနှင့် အလုပ်အဆင့် အတိုင်ပင်ခံအဖွဲ့တစ်ခု ထူထောင်သွားကြရေး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က ကြာသပတေးနေ့တွင် ကမ်းလှမ်းခဲ့သည်။

၇၉ နှစ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည်အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ယွန်းက မြောက်ကိုရီးယားက နျူကလီးယားလက်နက်ကင်းစင်ရေးကို ခြေတစ်လှမ်းမျှလှမ်းခဲ့ရုံဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် သူ့အနေဖြင့် အသင့်ရှိကြောင်း ပြောသည်။

ကိုရီးယားနှစ်နိုင်ငံ အလုပ်အဖွဲ့ကို စတင်ခြင်းဖြင့် တင်းမာမှုများကို ပြေလျော့စေရေးတွင် အထောက်အကူဖြစ်စေနိုင်ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှသည် ပြည်သူအချင်းချင်း အပြန်အလှယ်ဖလှယ်ခြင်း၊ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားရသည့် မိသားစုဝင်များ ပြန်လည်ပေါင်းစည်းစေခြင်းလုပ်ငန်းစဉ်များအထိ ကိုင်တွယ်ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း ယွန်းက ပြောဆိုခဲ့သည်။

“မြောက်ကိုရီးယားအနေနဲ့က နျူကလီးယားကင်းစင်ရေးဆီ ခြေတစ်လှမ်းသာ လှမ်းလိုက်ပါ၊ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ စတင်သွားမှာပါ” ဟု သူက ဆိုခဲ့သည်။

Ref: Alarabiya News

ပုံ- ယခင်ဆွေးနွေးပွဲ ပုံများ


LEAVE A REPLY

Please enter your comment!
Please enter your name here