ရုရှား – မြန်မာ သိပ္ပံပွဲတော်၂၀၂၄ မှ အင်တာနက်ပေါ်တွင် အမေးများသော နျူကလီးယားဆိုင်ရာမေးခွန်းများ ပြန်လည်‌ဖြေဆိုခြင်း

0
113

ဩဂုတ်လ ၁၆ ရက်နေ့တွင် ရုရှား – မြန်မာ နှစ်နိုင်ငံပူးပေါင်းကာ ကျင်းပသော သိပ္ပံပွဲတော်၂၀၂၄ သို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျမှ အမှာစကားပြောကြားကာ တက်ရောက်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရုရှား – မြန်မာ သိပ္ပံပွဲတော်၂၀၂၄ မှ ကဏ္ဍတစ်ခုဖြစ်သည့် အင်တာနက်ပေါ်တွင်အမေးများသော နျူကလီးယားဆိုင်ရာမေးခွန်းများစွာကို ပြန်လည်ဖြေကြားခြင်းနှင့် Public Discussion အစီအစဉ်တွင် နျူကလီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ နျူကလီးယားနှင့် သိပ္ပံပညာဆိုင်ရာသိလိုသည်များကို မီဒီယာများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ သိပ္ပံပွဲတော် ၂၀၂၄ ကို ဩဂုတ် ၁၅၊ ၁၆၊ ၁၇ သုံးရက်တိုင်တိုင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာများ၌ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here