မွေးမြူရေး အစာစက်ရုံများမှ ဝယ်လိုအားရှိနေ၍ ပြောင်းဖူးစေ့ဈေးနှုန်းများ မြင့်တက်လာ

0
282

ပြောင်းဖူးစေ့ကို မွေးမြူရေးအစာစက်ရုံများမှ ဝယ်လိုအားရှိနေခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြောင်းဖူးစေ့ကို ပြည်ပတင်ပို့မည့် ကုမ္ပဏီများက ဇွန်လ၊ ဇူလိုင်လများတွင် ဝယ်ယူမှုရှိခဲ့ပြီး ရေလမ်းခရီးဖြင့် မန္တလေးဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့၍ ပြည်ပသို့ တင်ပို့ခဲ့ကြသည်။

ယခုအခါ ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှစာချုပ်အရ တင်ပို့ရမည့်အရေအတွက် ပြည့်မီသွားပြီး ဖြစ်၍ ဝယ်ယူမှုမရှိသေးကြောင်းလည်း သိရသည်။

ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ဗန်းမော်ဘက်မှသာ ပြောင်းဖူးစေ့ အနည်းငယ်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်လက်ကျန်နည်းနေကြောင်း မွေးမြူရေးအစာစက်ရုံများမှ ဝယ်လိုအားရှိနေ၍ ပြောင်းဖူးစေ့ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပြောင်းဖူးစေ့(ဗမာ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၇၄၀၀၀ မှ ၇၅၀၀၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၆၀၀၀၊ ယခင်လထက် ကျပ် ၉၀၀၀ မြင့်တက်လာကြောင်း သိရသည်။

ပြောင်းဖူးစေ့(ရှမ်း) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၇၆၀၀၀ မှ ၇၈၀၀၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် ယခင်လ တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ မြင့်တက်လာသည်။

ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၇၆၀၀၀ မှ ၇၈၀၀၀ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၆၀၀၀နှင့် ယခင်လထက်ကျပ် ၇၀၀၀ မှ ၈၀၀၀ မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here