မိမိ၏ ပြိုင်ဘက်ကို ဒိုင်ဆုံးချက်ဖြတ်အထိ အရောက်မခံဘဲ အလဲထိုးနိုင်ရန်သာ ကြိုးစားသွားမည်ဟု စိုးလင်းဦးပြော

0
135

မိမိ၏ ပြိုင်ဘက်ကို ဒိုင်ဆုံးချက်ဖြတ်အထိအရောက်မခံဘဲ အလဲထိုးနိုင်ရန်သာ ကြိုးစားသွားမည်ဟု ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးက ပြောကြားသည်။

“ပြိုင်ဘက်ကို အမှတ်နဲ့ ဒိုင်အဆုံးအဖြတ်ရောက်တဲ့အထိ မခံဘဲ ပွဲကစားချိန်အတွင်းမှာပဲ အလဲထိုးနိုင်ဖို့ ကြိုးစားသွားမယ်”ဟု ONE Sports ၏ မေးမြန်းမှုအပေါ် စိုးလင်းဦး ကပြောကြားထားခြင်းဖြစ်သည်။

ONE ၏ ပွဲစဉ်တလျှောက် ရှုံးပွဲမရှိ‌သေးသည့် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦး၏ ပွဲစဉ်ကို လာမည့် စက်တင်ဘာ (၂၇)ရက်တွင် ပြုလုပ်မည်ဖြစ်ဟု ONEက တရားဝင်အသိပေးထားပြီးဖြစ်သည်။

ယခု စိုးလင်းဦးနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သူမှာ Nabil Anane ဖြစ်ပြီး ONE Friday Fights 81 ပွဲစဉ်၏ ဘန်တမ်ဝိတ်တန်းတွင် ယှဉ် ပြိုင်ထိုးသ-တ်ကြမည်ဖြစ်သည်။

ONE ၏ စတုတ္ထမြောက်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရိုးရာဖိုက်တာ စိုးလင်းဦး က ပြောကြားထားသည်။

စိုးလင်းဦးသည် One Friday Fight 69 ပွဲစဉ်အတွင်း မွေထိုင်း ဖိုက်တာ ပွန်ဆရီကို တတိယမြောက်ပွဲအဖြစ် အလဲထိုးအနိုင်ရပြီး‌နောက် ဒေါ်လာ တစ်သိန်းတန်စာချုပ်ကမ်းလှမ်းခံခဲ့ရပြီးနောက် သူ၏ စတုတ္ထမြောက်ပွဲအား ONE က စီစဉ်ခဲ့ခြင်းဖြစ်သည်။

ONE၏ ပထမ ပွဲဦးထွက်တွင် ဂျပန်ဖိုက်တာ မာဆာရူရှီကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သလို ဒုတိယအကြိမ် ပွဲစဉ်တွင်လည်း ပေါ်တူဂီဖိုက်တာ Fabio Reis နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင်လည်း အနိုင်ရရှိထားသည်။

ရိုးရာဖိုက်တာ စိုးလင်းဦးသည် ONE ကပြုလုပ်သည့် Friday Fight 69 ပွဲစဉ်ဖြင့် ဆိုလျှင် ရှုံးပွဲမရှိ (၃)ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here