စက်သုံးဆီများ ရရှိပြီဖြစ်သော်လည်း တန်းစီနေရဆဲဟုဆို

0
237

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီများပြ န်လည်ရရှိနေပြီဖြစ်သော်လည်း တန်းစီနေရဆဲဖြစ်ကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

ဩဂုတ် (၁၆) ရက် ညနေပိုင်းမှစတင်ကာ စက်သုံးဆီများပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

” ဆီတွေကပြန်ရနေပြီ။ ဒါပေမဲ့ လိုသလောက်တော့မရသေးဘူး။ တစ်ဆိုင်ကို ၃၀၀၀၀ ဖိုး၊ ၅၀၀၀၀ ဖိုးလောက်ပဲရတယ်။ တန်းတော့စီနေရတုန်းပဲ”ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကမူ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှ ဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန် မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုတစ်ပါတ် စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၉၀၀ ကျပ်၊ 95 တစ်လီတာ ၃၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၆၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာ ၃၁၁၅ ကျပ် ဖြစ်ပြီး ယခင်တစ်ပါတ်ထက် ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း (၁၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here