ပြင်သစ်လေကြောင်းပြပွဲတွင် လေယာဉ်ပျ-က်ကျ၍ ပိုင်းလော့ ‌ေ-သဆုံး

0
323

ပြင်သစ်နိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုရှိ လေကြောင်းပြပွဲတွင် လာရောက်ကြည့်ရှု့သူ ရာပေါင်းများစွာ၏ ရှေ့မှောက်၌ လေယာဉ်ငယ်တစ်စင်း ပျ-က်ကျခဲ့သည်။

လာဗန်ဒူး လေကြောင်းပြပွဲတွင် ပါဝင်ပျံသန်းနေသည့် ဖူဂါမဂျစ်တာ လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်၌ ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ပြီး ပိုင်းလော့မှာ လေယာဉ်အတွင်း ပိတ်မိခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက အသက် ၆၅ နှစ်အရွယ် ပိုင်းလော့၏ ရုပ်အလေ-ာင်းကို အခင်းဖြစ်ပြီး မကြာခင်မှာပင် ရှာတွေ့ခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

ခေတ်ဟောင်းလေယာဉ်သည် ရေပြင်သို့ အရှိန်ဖြင့် ထိုးကျသွားခဲ့သည်ကို ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရပြီး အခင်းဖြစ်ဆိပ်ကမ်း ရေပြင်တွင် ရေယာဉ်များစွာ ရှိနေခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါလေယာဉ်သည် Provence Landing နှစ် ၈၀ ပြည့်အခမ်းအနားတွင် ပါဝင်မည့် ပြင်သစ်လေတပ် လေကြောင်းတပ်ဖွဲ့တစ်ခုဖြစ်သော Patrouille de France ၏ လေ့ကျင့်ပျံသန်းမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ရပ်ကြောင့် လေကြောင်းပြပွဲအစီအစဦကို ဖျက်သိမ်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

Ref: Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here