ဂါဇာအပစ်အခတ်ရပ်စဲရေးဖိအားပေးရန် ဘလင်ကန်အစ္စရေးသို့သွားမည်

0
60
ANNAPOLIS, MARYLAND - AUGUST 06: U.S. Secretary of State Antony Blinken holds a joint news conference during the Australia-U.S. Ministerial Consultations (AUSMIN) at the U.S. Naval Academy on August 06, 2024 in Annapolis, Maryland. During the 34th AUSMIN, Austin was joined by Australian Deputy Prime Minister and Minister for Defense Richard Marles, Australian Foreign Minister Penny Wong and U.S. Secretary of Defense Lloyd Austin, who sought to show unity in the Indo-Pacific in the face of what they call China's destabilizing effects in the region. Chip Somodevilla/Getty Images/AFP (Photo by CHIP SOMODEVILLA / GETTY IMAGES NORTH AMERICA / Getty Images via AFP)

ဝါရှင်တန်၊ဩဂုတ် ၁၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဂါဇာအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို တွန်းအားပေးရန်အတွက် ယခုသီတင်းပတ်ကုန်၌ အစ္စရေးသို့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။

မစ္စတာဘလင်ကန်သည် စနေနေ့၌ထွက်ခွာမည်ဖြစ်ပြီး “အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို နိဂုံးချုပ်ရန်နှင့် ဆွေးနွေးပွဲ၌သဘောထားကွာဟမှုများကို ပေါင်းကူးရန် ဓ-ါးစာခံများနှင့် ထိန်းသိမ်းခံထားရသူများကိုလွှတ်ပေးရန်” ဒိုဟာ၌ပြုလုပ်သည့်ဆွေးနွေးပွဲအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကာတာမြို့တော် ဒိုဟာမှာ နှစ်ရက်ကြာဆွေးနွေးပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေးကအရင်ကထက်ပိုနီးကပ်လာပါတယ်” ဟုလည်း သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည်။

မစ္စတာဘလင်ကန်အပါအဝင် အီဂျစ်နှင့်ကာတာတို့မှ ခေါင်းဆောင်များကလည်း အစ္စရေးနှင့်ဟားမတ်စ်တို့အား ဒိုဟာ၌ကျင်းပသည့် ဆွေးနွေးပွဲသို့ နှစ်ဖက်သက်ဆိုင်သူများတက်ရောက်ပေးကြရန်တိုက်တွန်းထားကြသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here