သံမဏိစိုးလင်းဦး လေ့ကျင့်ပြင်ဆင်ရန် ဒေ့ဗ်(ခ)ဒေဝ က မ္ဘောဒီးယားသို့ လာရောက်ရန် ကမ်းလှမ်း

0
260

စက်တင်ဘာ(၂၇)ရက်တွင် ထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ -တ်ရမည့် ရိုးရာဖိုက်တာ စိုးလင်းဦးအနေဖြင့် ယင်းပွဲမတိုင်မီ လေ့ကျင့်ပြင်ဆင်ရန် ဒေ့ဗ်(ခ)ဒေဝ ကမ္ဘောဒီးယားသို့ လာရောက်ရန် ကမ်းလှမ်းထားသည်။

စိုးလင်းဦး၏ ခရီးစဉ်အတွက် ခရီးစရိတ်အပါအဝင် အခြားသော စရိတ်များအတွက် အကုန်အကျခံ ခေါ်ယူမည်ဖြစ်ပြီး ၎င်းအပါအဝင် အငှားကစားသမားများဖြစ်လည်း လေ့ကျင့်ပေးချင်ကြောင်း ဒေဝက ဆိုသည်။

“ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ တစ်ပတ်လောက် ကျွန်တော်နဲ့ အတူတူလေ့ကျင့်ဖို့ ကမ်းလှမ်းချင်ပါတယ်။ သက်ဝင်းအောင် (ANS ချန်ပီယံ) နဲ့ အခြား မြန်မာကစားမား နှစ်ဦးလည်း ဒီမှာလေ့ကျင့်နေပါတယ်။ ကျွန်တော်တို့နဲ့ အတူတူတစ်ပတ်လောက် လာလေ့ကျင့်လိုက်ပါ။ ခရီးစရိတ်တွေ လေယာဉ်ခနဲ့ ဟိုတယ်ခကို ကျွန်တော့်ဘက်က အကုန်အကျခံပါမယ်။ ကျွန်တော် သူ့ပုံစံကို တုပပြီး အရပ်မြင့်တဲ့လူကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာ ပြသပါမယ်။ ချုပ်ကွက်တွေအတွက်ကော လေ့ကျင့်ဖို့ လက်ဝှေ့ထိုးဟန်ပြုရသော အငှားကစားသမားအဖြစ်လည်း အတူတူလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော် စိုးလင်းဦးဘက် က ငြင်းဆိုထားပြီး ကျေးဇူးတင်ကြောင်းသာ တုန့်ပြန်ပြောကြားထားသည်။

“ကျတော့ဘက်က သွားဖို့လာဖို့ခက်ခဲနေလို့ပါ။ နောက်တခါသေချာဆုံချင်ပါတယ်။ အရမ်းကျေဇူးတင်ပါတယ် ညီအကို ဒေ့ဗ်” ဟု စိုးလင်းဦး ဆိုသည်။

စိုးလင်းဦးအနေဖြင့် ONE Friday Fights 81 ပွဲစဉ်၏ ဘန်တမ်ဝိတ်တန်းတွင် ပြိုင်ဘက်ဖြစ်သူ Nabil Anane နှင့် ထိုးသ-တ်ရမည်ဖြစ်ကာ ၎င်း၏ စတုတ္ထအကြိမ်မြောက်ပွဲစဉ်တစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here