ဂျပန်ဝန်ကြီးချုပ်အမေရိက သွားမည်

0
176

ရာထူးကနုတ်ထွက်တော့မည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန်နှင့် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံနိုင်ခြေရှိသည့် ခရီးစဉ်အတွက် စက်တင်ဘာလအနှောင်းပိုင်းတွင် အမေရိကသို့ သွားရောက်မည်ဖြစ်ကြောင်း ယူမီယူရီသတင်းစာက စနေနေ့(သြဂုတ် ၁၇) တွင် ဖော်ပြသည်။

စက်တင်ဘာ ၂၂ ရက်တွင် စတင်မည့် ၎င်း၏ ခရီးစဉ်သည် ရက်အတော်ကြာနိုင်သည်ဟု အမည်မဖော်လိုသည့် အစိုးရသတင်းရင်းမြစ်များစွာကို ကိုးကာ၍ သတင်းစာက ဆိုခဲ့သည်။

ကီရှီဒါသည် အာဏာရ LDP ပါတီခေါင်းဆောင်ရွေးပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောခဲ့မှုကြောင့် စက်တင်ဘာလကုန်တွင် သူ၏ ပါတီခေါင်းဆောင်ရာထူးသက်တမ်း ကုန်ဆုံးချိန်၌ ဝန်ကြီးချုပ်ရာထူးကပါ ဆင်းပေးမည့် သဘောဖြစ်သည်။

ပါတီခေါင်းဆောင် ရွေးကောက်ပွဲရက်ကို လက်ရှိအထိ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အစောဆုံးအဖြစ် စက်တင်ဘာလ ၂၀ ရက်ခန့်တွင် ဖြစ်နိုင်ခြေရှိပြီး ဝန်ကြီးချုပ်သစ်ရွေးချယ်မည့် LDP အမတ်အများစု လွှတ်တော် အထွေထွေညီလာခံတွင် ကီရှီဒါ မိန့်ခွန်းပြောဖွယ်ရှိသည်။

ကီရှီဒါ၏ နေရာအား ဆက်ခံသူသည် ဘိုင်ဒင်နှင့် ရင်းနှီးသည့်ဆက်ဆံရေး မလုပ်သင့်ဟု ဂျပန်အစိုးရပိုင်းမှ အချို့က ထင်မြင်ချက်ပေးသည်ဟု သတင်းစာက ဖော်ပြသည်။

ဘိုင်ဒင်သည် နိုဝင်ဘာတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့ပြီး ဒုတိယသမ္မတ ကင်မလာ ဟဲရစ်ကို ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ပြီးခဲ့သည့်လတွင် အစားထိုးခဲ့သည်။ ဟဲရစ်သည် ရွေးကောက်ပွဲတွင် သမ္မတဟောင်းဖြစ်သည့် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here