(၄)လအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁,၇၂၃)သန်း ရရှိခဲ့

0
342

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ(၁)ရက်မှ ဇူလိုင်လ (၂၆) ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁,၇၂၃)သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပတင်ပို့မှုမှ ကန်ဒေါ် လာ ၁၄၂၅ သန်းနှင့် နယ်စပ်မှတဆင့် တင်ပို့မှုမှ ကန်ဒေါ်လာ ၂၉၈ သန်းခန့် ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို အဓိကစိုက်ပျိုးကာ တစ်နိုင်ငံလုံး၏ စိုက်ပျိုး ထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ လယ်ယာထွက်ကုန်ပစ္စည်း ထွက်ရှိမှုအနက် ပဲမျိုးစုံထွက်ရှိမှုမှာ ၃၃ ရာခိုင် နှုန်းခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံစိုက်ပျိုးမြေ ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံ စိုက်ပျိုးနေပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်း၊မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော် ပဲနှင့် တခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများအပြင် သစ်တောထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက် ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉ ဘီယံယံကျော်ရရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here