မြန်မာမှ တင်ပို့လာသည့် အချို့ထုတ်ကုန်များကို မစားသုံးရန် အမေရိကန် အာဏာပိုင်များသတိပေး

0
136

မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာသည့် အသားနှင့် မွေးမြူရေးထုတ်ကုန် အစားအစာများသည် စားသုံးဖို့မသင့်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနှင့် စစ်ဆေးရေး ဝန်ဆောင်မှုဌာန (FSIS) က သြဂုတ်လ (၁၆) ရက်က သတိပေးထုတ်ပြန်ထားသည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ အသားနှင့် မွေးမြူရေးထုတ်ကုန်များ ရောင်းချခြင်းကို ခွင့်ပြူထားခြင်းမျိုးမရှိဘဲအရောင်းဆိုင် စင်များပေါ်မှ ဖယ်ချရန် ညွှန်ကြားထားခြင်းမျိုးဖြစ်သည်။

FSIS မှ ကြေညာထားသည့် ထုတ်ကုန်များတွင် အဖွားလက်ရာ စည်သွတ်ဘူး ဟင်းလျာများ၊ စံပြဒေါ်ကြည်နှင့် ထိမိဂွိ မုန့်ဟင်းခါးတို့ ပါဝင်သည်။

ထို့ပြင် အမေရိကန်အာဏာပိုင်များသည် အထက်ပါ ပစ္စည်းများ အမေရိကန်ကို ဝင်ရောက်လာခြင်းကို ဆက်ပြီး စုံစမ်းနေကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ စားသောက်ကုန်များကို ပုံမှန်စစ်ဆေးမှုတွေပြုလုပ်စဉ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ အစားအစာများနှင့် ပတ်သက်ပြီး ဆိုးကျိုးတစ်စုံတရာဖြစ်ခဲ့သည်တော့ မရှိသေးကြောင်းလည်း ထုတ်ပြန်ထားသည်။

https://www.fsis.usda.gov/recalls-alerts/fsis-issues-public-health-alert-ineligible-meat-and-poultry-products-illegally-0


LEAVE A REPLY

Please enter your comment!
Please enter your name here