ONE Lumpinee 76 ပွဲစဉ်အတွင်း သန့်ဇင် အပါအဝင် ရိုးရာ ဖိုက်တာ (၅)ဦး ပါဝင်ယှဉ်ပြိုင်မည်

0
291

ယခုလ ဩဂုတ်(၂၃)ရက် ညနေပိုင်းအချိန်တွင် ကျင်းပမည့် ONE Lumpinee 76 ပွဲစဉ်အတွင်း ရိုးရာလက်ဝှေ့ကျော် သန့်ဇင် အပါအဝင် ရိုးရာဖိုက်တာ (၅)ဦးအထိ ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း သိရသည်။

ရိုးရာလက်ဝှေ့ကျော် သန့်ဇင်သည် ပြီးခဲ့သည့် လအနည်းငယ်အတွင်းက ပြိုင်ပွဲထိုးသ-တ်ရန် ရက်ပိုင်းအလိုတွင် အူအတက်ပေါက်သည့်အတွက် ဆေးကုသမှုခံယူခဲ့ရကာ ပွဲပျက်ခဲ့ရခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ပွဲထိုးရန်အသင့်အနေအထားဖြစ်နေသည့်အတွက် ဩဂုတ်လ (၂၃) ရက်တွင် ကျင်းပမည့် ONE Lumpinee 76 ပွဲစဉ်၌ ဒုတိယခေါင်တွဲဆိုင်းအနေဖြင့် ပြန်လည်ပါဝင်လာခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ရိုးရာဖိုက်တာ သန့်ဇင်၊ သွေးလင်းထက်၊ ထွန်းမင်းနိုင်တို့မှာ ထိုင်းဖိုက်တာများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဲမွီနှင့် စောစံမြတို့မှာ ဂျပန်ဖိုက်တာများဖြင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။

ရိုးရာဖိုက်တာ (၅)ဦး၏ ထိုင်း‌မြေပေါ်၌ လက်ခမောင်းခတ်မည့် အဆိုပါ ပွဲစဉ်အတွက် မြန်မာပရိတ်သတ်များ အထူးစိတ်ဝင်စားလျှက်ရှိနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here