ထိုင်းဝန်ကြီးချုပ်သစ်ခန့်အပ်လွှာ ဘုရင့်အမိန့်​တော်ကို ​ပေတုန်တန် လက်ခံ

0
106

၂၀၂၄ ခုနှစ် သြဂုတ်လ ၁၈ ရက်၊ တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော ဘုရင့်အမိန့်တော်ကို သက်ဆင်၏သမီး ပေတုန်တန် လက်ခံရရှိပြီဖြစ်သည်။

ဝန်ကြီးချုပ်သစ်သည် သူမ၏ မိဘများဖြစ်သည့် သက်ဆင်နှင့် ခွန်ယင်း ပေါ်ဂျမန်၊အကိုကြီး၊အစ်မနှင့် သူမ၏ခင်ပွန်း တို့အပါအဝင် မိသားစုဝင်များဖြင့် အဆိုပါအခမ်းအနားကိုတက်ရောက်ခဲ့သည်။

သမီးလေးကိုဂုဏ်ယူနေသောမိခင် ခွန်ယင်း ပေါ်ဂျမန်၏မျက်ဝန်းတွင်မျက်ရည်များဝေ့သီနေသည်ကိုတွေ့ရသည်။

ထိုင်းနိုင်ငံ၏ ၃၁ ယောက်မြောက် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ဘုရင့်အမိန့်ကို လက်ခံရရှိပြီးနောက် ဝန်ကြီးချုပ်သစ်ပေတုန်တန် က ထိုင်းနိုင်ငံအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

” လူတိုင်းအတွက် တန်းတူရည်တူအခွင့်အလမ်း၊ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုရှိသော နိုင်ငံဖြစ်စေရမည်။ဝန်ကြီးချုပ်ရာထူးက တိုင်းပြည်ကိုရှေ့သို့ တွန်းပို့ဖို့၊ အတားအဆီးတွေကို ကျော်လွှားဖို့၊ ထိုင်းနိုင်ငံ ညီအကို မောင်နှမတွေရဲ့ စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်ကြီးတွေရှိပါတယ်” ဟု ဝန်ကြီးချုပ်သစ်က ဆိုသည်။

“လွှတ်တော်က သတ်မှတ်တဲ့ ကျန်သုံးနှစ်တာကာလမှာတိုင်းပြည်ကို လုံခြုံတဲ့နည်းလမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးရဲ့ အမြင်တွေကို နားထောင်နိုင်အောင် ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပွင့်လင်းမြင်သာစွာ ပူးပေါင်းလက်တွဲဆောင်ရွက်လိုပါတယ်။ဒီကြီးကျယ်ခမ်းနားသော တာဝန်ကြီးကို ဝန်ကြီးချုပ်တစ်ဦးတည်းကသာ ပြီးမြောက်အောင်မြငအောင်လုပ်ဖို့ မဖြစ်နိုင်ပါ။ ကက်ဘိနက်၊ အစိုးရညွန့်ပေါင်းမိတ်ဖက်များ၊ အစိုးရအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကဏ္ဍပေါင်းစုံမှ အရည်အချင်းရှိသော ပုဂ္ဂိုလ်များစွမ်းအားနှင့် မျိုးဆက်အားလုံး၏ စွမ်းအားများ ပေါင်းစည်းရန် ရည်ရွယ်ထားပါတယ်” ဟု သူမကဆိုသည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here