ဂါဇာ၌ ပိုလီယိုကာကွယ်ဆေးထိုးရန် အပစ်အခတ်ရပ်ဖို့ ဂူတာရက်စ်တောင်းဆို

0
289
United Nations Secretary-General António Guterres speaks during a UN Security Council meeting on the impacts of cyber threats on international peace and security at UN headquarters on June 20, 2024, in New York. (Photo by Yuki IWAMURA / AFP)

ကုလသမဂ္ဂ၊ဩဂုတ် ၁၇

ဂါဇာကမ်းမြောင်ဒေသ၌ ပိုလီယိုကာကွယ်ဆေးထိုးနိုင်ရန်အတွက် ပဋိပက္ခ၌ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် အပစ်အခတ်ရပ်စဲကာ လူသားချင်းစာနာထောက်ထားမှုအကူအညီကိုခွင့်ပြုသင့်ကြောင်း ကုလသမဂ္ဂအကြီးအကဲ မစ္စတာ အန်တိုနီ ဂူတားရက်စ်ကတောင်းဆိုခဲ့သည်။

“အရှင်းဆုံးပြောရရင် ဂါဇာမှာပိုလီယိုကူးစက်မှုကာကွယ်နိုင်ဖို့ဆိုတာ ငြိမ်းချမ်းရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အပစ်အခတ်ချက်ချင်းရပ်စဲရေးကို အာမခံပေးကြဖို့ပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“ပိုလီယိုကာကွယ်ဆေးကို အရှိန်အဟုန်နဲ့ထိုးနိုင်ဖို့အတွက် စစ်ပွဲကိုရပ်တန့်မှကိုဖြစ်မှာပါ၊အဲ့လိုမှမဟုတ်ရင်တော့ ဒီလောက်သည်းကြီးမည်းကြီး ပစ်နေခတ်နေတဲ့ကြားထဲမှာ ကာကွယ်ဆေးထိုးမဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာကျန်းမာရေးဌာန၏ထုတ်ပြန်ချက်၌မူ အသက်ဆယ်လသားအရွယ်ကလေးတစ်ဦး၌ ပိုလီယိုရောဂါတွေ့ရှိခဲ့ရပြီး အဆိုပါက-လေ-းငယ်သည် ပိုလီယိုကာကွယ်ဆေးထိုးထားခြင်းမျိုးမရှိဟုလည်းဖော်ပြထားသည်။

ပိုလီယိုအမြှေးရောင်ရောဂါသည် ပါးစပ်၊မစင်အစရှိသည့်လမ်းကြောင်းများမှတစ်ဆင့် အဓိကပျံ့နှံ့သည့်ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အာရုံကြောစနစ်ကိုထိခိုက်စေကာ လေငန်းရောဂါဖြစ်စေနိုင်သည့် အလွန်ကူးစက်မြန်သောရောဂါပိုးတစ်မျိုးလည်းဖြစ်သည်။

ပိုလီယိုရောဂါသည် အသက် ၅ နှစ်အောက်က-လေ-းငယ်များ (အထူးသဖြင့် မွေးကင်းစမှ ၂ နှစ်အောက်) တွင် အများဆုံးကူးစက်လေ့ရှိသည်။

စစ်ပွဲဆယ်လတာကာလအတွင်း ဝင်ရောက်လာချိန်၌ သင့်လျော်သည့်ကျန်းမာရေးစောင့်ရှောက်မှုမရှိသဖြင့် ဂါဇာဒေသခံများအတွက် စိုးရိမ်စရာအခြေအနေပင်ဖြစ်နေသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here