U – 12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် မြန်မာ ယူ-၁၂ အသင်း ဂျပန်သို့ ထွက်ခွာ

0
79

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U – 12 Junior Soccer World Challenge 2024 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၂ အသင်းသည် ယနေ့ ဩဂုတ် (၁၈) ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာယူ – ၁၂ အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် (၂၀) ရက် မြန်မာစံတော်ချိန် နံနက် (၇)နာရီ မိနစ် (၂၀)တွင် Tozuka Football Club Junior အသင်းနှင့်လည်းကောင်း၊ သြဂုတ်(၂၀) ရက် မြန်မာစံတော်ချိန် နံနက် (၈)နာရီ မိနစ် (၅၀)တွင် Kashima Antlers Norte အသင်းနှင့်လည်းကောင်း၊ သြဂုတ်(၂၁) ရက် နံနက် (၇) နာရီ မိနစ်(၂၀)မိနစ် FC Basara Hyogo အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

မြန်မာယူ – ၁၂ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၆) ဦး၊ ကစားသမား (၁၈) ဦး စုစုပေါင်း (၂၄) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာ ယူ – ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီထားသည်ဟု မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here