မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲများတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် Appointment Date ရယူထားသူများ ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးတွင် ဆောင်ရွက်နိုင်

0
126

မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲများတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် Appointment Date ရယူထားသူများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတွင် ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။

ဇူလိုင်လ (၂၂)ရက်မှစ၍ မြစ်ကြီးနားရုံးခွဲတွင် Appointment Date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအား ဩဂုတ် (၁၃) ရက်မှစ၍ မန္တလေးရုံးတွင် ဆောင်ရွက်နိုင်ပြီး လားရှိုးရုံးခွဲတွင် ဇူလိုင်လ (၅) ရက်မှစ၍ Appointment Date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့် သူများအား ဩဂုတ် (၁၃) ရက်မှစ၍ ရန်ကုန်ရုံးနှင့်တောင်ကြီးရုံးတွင် ဆောင်ရွက်နိုင်ကြောင်း အသိပေးထား သည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ဖေဖော်ဝါရီလ (၂၄) ရက်မှစ၍ လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် (၂၆) ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိသည်။

ယင်းတွင် မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် မေလ (၂) ရက်မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here