ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် မိုးပိုနေဦးမည်

0
317

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက် တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ မြောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ပိုမို အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် (၁၈)ရက်၊ နေ့လယ်(၃)နာရီခွဲအချိန် တိုင်းထွာချက်များအရများအရ သိရသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် သြဂုတ် (၁၉)ရက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်တို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ပြီး ထိုမှတဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

အဆိုပါ ‌လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားပြီး ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

အဆိုပါ မိုးလေဝသ အခြေနေများကြောင့် နံနက်ဖြန် မနက်အထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်သည်။

နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအနီးတစ်ဝိုက် နံနက်ဖြန် မနက်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here